Celebrities

ချစ်ခင်ရတဲ့ပရိသတ်ကြီး သက်ရှည်ကျန်းမာစေဖို့ ဗွီဒီယိုလေးနဲ့ အသိပညာပေးခဲ့တဲ့ မိုးဟေကို

ပရိသတ်ရဲ့အချစ်တော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုကတော့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဒါကြောင့်မို့လည်း အမြဲနုပျိုနေတဲ့ မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေအချစ်ပိုနေရသလို ချစ်ခင်ရတဲ့ပရိသတ်ကြီးလည်း သူ့လိုပဲ ကျန်းမာစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ရှင်လေးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြဦးနော်။ မိုးတော့ မနေ့က Moe Life&Beauty အဖွဲ့နဲ့ မနက်စောစော လူရှင်းတဲ့အချိန်လေး ပြေးလိုက်တာ အရမ်းစိတ်လက်ပေါ့ပါးသွားတာပဲ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်တစ်ခုထဲတင်မကဘူး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အများကြီးအကျိုးရှိလို့ မိုးချစ်တဲ့ ရှင်လေးတို့ကိုလဲ အပြင်မထွက်နိုင်ရင်တောင် အိမ်မှာလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်တယ်နော်။ ကဲ စကားနားထောင်ကြမှာလား?” ဆိုတဲ့စာသားလေးနဲ့အတူ အပြေးလေ့ကျင့်ခဲ့တဲ့ဗွီဒီယိုလေးကို မျှဝေလိုက်ပါတယ်။

အခုလို ကိုဗစ်ကာလမှာ Gym တွေပိတ်ထားတဲ့အပြင် လူတော်တော်များများလည်း မလိုအပ်ဘဲ အပြင်မထွက်ကြတာမို့ အိမ်မှာပဲနေရင်း လေ့ကျင့်ခန်းမှန်မှန်လုပ်ကြဖို့ တိုက်တွန်းထားတာပါ။ မိုးကိုချစ်တဲ့ ပရိသတ်ကြီးရေ မိုးစကားကို နားထောင်ကြမှာလား ။

Source – Moe Hay Ko
Rainbow- Cele Gabarcredit

မနက်စောစော လူရှင်းတဲ့အချိန်လေး ပြေးလိုက်တာ အရမ်းစိတ်လက်ပေါ့ပါးသွားတာပဲ

ရှင်လေးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြဦးနော်။ မိုးတော့ မနေ့က Moe Life&Beauty အဖွဲ့နဲ့ မနက်စောစော လူရှင်းတဲ့အချိန်လေး ပြေးလိုက်တာ အရမ်းစိတ်လက်ပေါ့ပါးသွားတာပဲ။ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်တစ်ခုထဲတင်မကဘူး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အများကြီးအကျိုးရှိလို့ မိုးချစ်တဲ့ ရှင်လေးတို့ကိုလဲ အပြင်မထွက်နိုင်ရင်တောင် အိမ်မှာလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်တယ်နော်။ ကဲ စကားနားထောင်ကြမှာလား?#MOELifeAndBeauty #ကျွန်မချစ်သော #ရှင်သန်ခြင်းနေ့သစ်များ

Posted by Moe Hay Ko on Sunday, 6 September 2020