Celebrities

ရခိုင်ပြည်သူတွေအတွက် ငွေကျပ်(၃၇)သိန်းကျော်ကိုလှူဒါန်းခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်း

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က အနု ပ ညာလုပ်ငန်းတွေမှာထူးချွန်သလို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြေတီဦး ဖောင်ဒေးရှင်းဆိုပြီး ပညာသင်ရန် အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတ ယ်။

ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာတော့ ပြေတီဦးဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ငွေကျပ် (၃၇) သိန်းကျော်ကို လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ပြေတီဦး ပညာရေးဖောင်ဒေးရှင်း မိသားစုတို့က – အိမ်ထောင်စု(၁၅၀)စုအတွက် (၃,၇၅၀,၀၀၀)သိန်းကျပ်ကို – ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် – အခြေခံစားသောက်ကုန်(၁၈)မျိုးပါ၀င်တဲ့၊ တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅.၀၀၀) တန်းဖို့ရှိပြီ။

အခြေခံပြည်သူများအတွက် – ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးတို့မိသားစုအလှူကိုကြည့်ပြီး မုဒိတာပွားကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#credit