Celebrities

ရုတ်တရတ်ထရိုက်ကူးတဲ့ ကျော်ကျော်ရဲ့ Tik Tok ရိုက်ကူးမှုကြောင့် အူကြောင်ကြောင်ဖြစ်နေခဲ့တဲ့ ဟိန်းဝေယံ

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ကျော်ကျော် ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဟိန်းဝေယံနဲ့အတူတူရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို တင်ဆက်လာခဲ့ပါတယ်။ ကျော်ကျော်ကတော့ အမြဲတမ်းလိုလို Tik Tok ဗီဒီယိုလေးတွေကိုရိုက်ကူးပြီး ပရိသတ်တွေရယ်မော်ပျော်ရွှင်ရအောင် တင်ဆက်ပေးလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလည်းကျော်ကျော်က မင်းသားချော ဟိန်းဝေယံနဲ့ ရိုက်ကွင်းမှာဆုံတုန်း နားနေချိန်မှာ ရုတ်တရတ်ကြီးထပြီး Tik Tok ဗီဒီယိုလေးရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ဟိန်းဝေယံကတော့ ရှုတင်ခန နားချိန်မှာ Facebook သုံးနေတုန်း ကျော်ကျော်ကရောက်လာပြီး မေခွန်းတွေမေးတဲ့အပြင် ပုံမှန်မဟုတ်တဲ့ စကားပြောပုံနဲ့ မေးလိုက်တာကြောင့် ဟိန်းဝေယံတစ်ယောက် ကြောင်တောင်တောင်နဲ့ ဖြစ်နေခဲ့တာပါ။

ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကို ကြည့်ပြီး သဘောကျနှစ်သက်နေခဲ့ကြပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ရိုက်ကွင်းမှာ ကျော်ကျော်ရဲ့ ရုတ်တရတ် Tik Tok ဗီဒီယိုရိုက်ကူးမှုကြောင့် ကြောင်အမ်းအမ်းဖြစ်နေတဲ့ ဟိန်းဝေယံနဲ့ ကျော်ကျော်တို့ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။credit

https://web.facebook.com/mgkyaw.kyaw.75685/videos/1182690322102024/