Celebrities

အောက်တိုဘာ 22ရက်နေ့ USA မှာလူသန်း (၂၀၀) Covid19 ကာကွယ်ဆေး စထိုးမယ့်အကြောင်း ပြောလာတဲ့ လွင်မိုး

ပရိသတ်ကြီးရေ Covid-19 လို့ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ Second Wave အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ထပ်မံ ပျံ့ပွားလျက်ရှိပါတယ် ။ ရောဂါကို ကာကွယ်မယ့် ဆေးမရှိသေးပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေအားလုံး အစိုးရနဲ့ပူးပေါင်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပူးပေါင်း ကူညီဆောင်ရွက်ပေးနေကြပါတယ် ။ ဒါပေမယ့် ပြည်သူတွေကတော့ စီးပွားရေး အကြပ်အတည်းတွေနဲ့ ခက်ခဲမှုတွေ ကို စိုးရိမ်ဖွယ်ရင်ဆိုင်နေရဆဲပါ ..။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆေးမထွက်ပေါ်လာသေးပေမယ့် USA မှာတော့ ကြိုတင်ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ရရှိနေပြီလို့သိရှိရပါတယ် ။ ဒီသတင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200 စထိုးပြီ. ဆိုတဲ့ စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက် ကနေရေးသားပြီး ပရိသတ်တွေကို အသိပေးမျှဝေပေးလာခဲ့ပါတယ် ။

ဒီသတင်းကို CNN သတင်းငှာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ဆေး ပေါ်ထွက်လာပြီဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေအတွက် သတင်းကောင်းတစ်ခု လို့ဆိုရမှာပါ ။ ဒီစမ်းသပ်မှုကြီးအောင်မြင်သွားပြီဆိုတော့ မကြာခင် ဒီရောဂါကြီးကို အားလုံးတိုက်ထုတ်နိုင်ကြတော့မှာပါ ပရိသတ်ကြီးရေ ..။credit