Celebrities

ကလေးသရုပ်ဆောင်ဘဝတုန်းက အမှတ်တရပုံရိပ်လေးကို မျှဝေခဲ့တဲ့ မင်းမော်ကွန်း

ပရိသတ်ရဲ့အချစ်တော်မင်းမော်ကွန်းကတော့ အနုပညာမျိုးရိုးရှိသလို ဟိုးငယ်ကလေးဘဝကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာသူပါ။ မြေပဲယို အဖွဲ့နဲ့အတူလည်း သီချင်းတွေဖန်တီးသီဆိုခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေလုပ်နေသူတစ်ယောက်ပါ။

ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် (၇) နှစ်အရွယ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့မင်းမော်ကွန်းကတော့ ဒီနေ့မှာ ကလေးသရုပ်ဆောင်ဘဝတုန်းက ပုံရိပ်လေးတစ်ခုကို ချပြခဲ့ပါတယ်။ မင်းမော်ကွန်းကတော့ ဒီနေ့အချိန်ထိ ဟိုးအရင်တုန်းကလိုပဲ မပြောင်းလဲတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်မို့ ပရိသတ်တွေကတော့ ရုပ်ပြောင်းဖို့အစီအစဉ် ရှိမရှိ စတဲ့မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ်။

နှင်းဆီအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့ မကြာခင်အချိန်အတွင်းမှာ မာလာမြိုင်နှင်းဆီ Unplugged Music Show နဲ့အတူ ပရိသတ်ကြီးကို ဖျော်ဖြေသွားမှာဖြစ်ပြီး မင်းမော်ကွန်းရဲ့သီချင်းလေးတွေကို ပြန်လည်နားဆင်ရတော့မှာပါ။ မင်းမော်ကွန်းရဲ့ပရိသတ်ကြီးအတွက် ငယ်စဉ်ကတည်းက ချစ်ဖို့ကောင်းတဲ့ မင်းမော်ကွန်းရဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Kyaw Kyaw Htay Lwin
Rainbow- Cele Gabar

#cerdit