Celebrities

ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် ပေါင်းစုပြီးအလှူဒါနပြုလုပ်ခဲ့တဲ့ ပရိသတ်အချစ်တော် ငါးယောက်

လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းစတင်ချိန် ပိုးရှိလူနာတွေအများဆုံးတွေ့ရတဲ့နေရာကတော့ ရခိုင်ပြည်နယ်မှာပါ။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေသာမက တာဝန်ရှိအဖွဲ့အစည်းတွေကပါ အင်တိုက်အားတိုက်လုပ်ဆောင်နေသလို ရခိုင်ပြည်နယ်အတွက် ဦးစားပေးလှူဒါန်းနေတဲ့အလှူရှင်တွေ များစွာပေါ်လာတာကလည်း ဝမ်းသာစရာပါ။

ဒီနေ့မှာလည်း ပရိသတ်ရဲ့အချစ်တော်အဆိုတော်ကြီးတွေဖြစ်တဲ့ တင်ဇာမော်၊ မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့က ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာသုံးဖို့ အလှူငွေငါးသိန်းကျပ်တိတိကို We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့ကြီးကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ဒီအလှူလေးလုပ်ဖြစ်ဖို့ကိုတော့ မီမီဝင်းဖေက စေ့ဆော်ပေးခဲ့တာဖြစ်တာဖြစ်ပြီး မီမီဝင်းဖေကတော့ The Five ညီအမတွေနဲ့အတူ အလှူငွေငါးသိန်း၊ ဖေဖေဒါရိုက်တာဦးဝင်းဖေကလည်း လှူဒါန်းချင်တာကြောင့် မိသားစုအလှူငွေ(၁၀)သိန်း လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒီနေ့အလှူလေးကိုတော့ ကိုယ်တိုင်ကိုယ်ကျသွားလှူခဲ့ကြပေမယ့် ကော်နီကတော့ အကြောင်းကြောင်းကြောင့် မလိုက်နိုင်ပါနိုင်ခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ။ ဟိုးအရင်အချိန်ကတည်းက အတူတူအောင်မြင်ခဲ့ကြသလို အခုချိန်ထိလည်း တတွဲတွဲ The Five ညီအမတွေရဲ့ ကောင်းမှုကုသိုလ်အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ပါဦးနော်။

Source – Tin Zar Maw
Rainbow- Cele Gabar

#credit