Celebrities

ပန်းချီကားလေးလား ထင်မှတ်ရလောက်တဲ့ ရှုခင်းလေးတွေနဲ့အပြိုင် ကြွေရုပ်လေးလိုလှနေတဲ့ Alice Ong

ချစ်ပရိသတ်ကြီးရေ ကိုရီးယားမလေးလား ထင်မှားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ ရှမ်းတရုတ်မလေး Alice Ong ကိုတော့ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာ Miss Asia 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ အလှမယ်လေးတစ်ဦးလည်းဖြစ်ပါတယ်။ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အရမ်းလှတဲ့ ရှုခင်းတွေကိုနောက်ခံထားကာ အမိုက်စားရိုက်ထားတဲ့ အလှ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးလည်း Alice Ong ရဲ့ချစ်စရာကောင်းတဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကိုကြည့်ရှုပြီး ကြည်နူးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Alice Ong Facebook Account