Celebrities

ကလေးတွေနဲ့အတူ ဂိမ်းဆော့ရတာကို သာယာနေတယ်ဆိုပြီး အားပါးတရ ပြောပြလာတဲ့ မကြီးစိုးရဲ့ ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ.. စိုးညီအစ်မတွေထဲက အကြီးဆုံးဖြစ်သလို ညီမလေးတွေအတွက် စံပြ အစ်မတစ်ယောက်လည်းဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော စိုးမြတ်သူဇာကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်း ကောင်းလွန်းသူပါပဲနော်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်ပိုင်နိုင်လွန်းပြီး အကယ်ဒမီဆုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မကြီးစိုးကတော့ စကားပြောပွင့်လင်းတာတွေကြောင့်လည်း အားလုံးက သဘောကျအချစ်ပိုနေကြရတာပါ..။

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့အချစ်တော် မကြီးစိုးတစ်ယောက်ကတော့ အလုပ် အားလပ်ချိန်လေးတွေမှာ ဂိမ်းကို အမြဲဆော့ဖြစ်ပြီး ကလေးတွေနဲ့အတူ ဂိမ်းဆော့ရတဲ့ ပျော်စရာအကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

မိုးလင်းမိုးချုပ် ဂိမ်းပဲဆော့ဖြစ်တာမို့ အခြားသတင်းတွေကိုလည်း မသိလို့ ညညဆိုရင် ညီမဖြစ်သူ စိုးမြတ်နန္ဒာကို ပြန်ပြန်မေးရတဲ့ အခွီလေးတွေနဲ့အတူ စာရေးလိုက် ဂိမ်းဆော့လိုက်နဲ့ ပျော်စရာအချိန်လေးတွေကို ပြောပြထားတာပါ..။

“ကလေးတွေကို မမြင်ရပါဘူး ဂိမ်းထဲမှာ ဒါပေမယ့် ဦးနှောက်ကတော့ ရပ်နေရတယ်လို့ မရှိဘူး ဖုန်းတွေလည်း မကိုင်ဖြစ်ဘူး Messenger တွေလည်း Delete ခံရတယ်ပေါ့ ဒါပေမယ့် မကြီးက အဲ့မှာ သာယာနေတယ် အလုပ်လုပ်နေရင်တော့ အဲ့လောက်ကြီး မဆော့နိုင်ပါဘူး

ဒါပေမယ့် အခုချိန်မှာတော့ မိုးလင်း မိုးချုပ် ဂိမ်းပဲဆော့ဖြစ်တယ် သတင်းတွေလည်း မသိတော့ ညညဆို စိုးမြတ်နန္ဒာကို ် ဒါဒါ ဘာထူးတုန်းဆိုပြီး ပြန်မေးရတယ် အလုပ်တွေပါးနေတဲ့အချိန်မှာ စာရေးလိုက် ဂိမ်းဝင်ကစားလိုက်နဲ့ ဂိမ်းကစားတဲ့အချိန်က ပိုများနေသစလိုပဲ

ဂိမ်းထဲမှာ သူငယ်ချင်းတွေအများကြီးရတယ် အဲ့ကလေးတွေက မကြီးတို့အရွယ်ကို မသိတော့ဘူး ကလေးတွေက ချစ်ကြတယ် ကျန်တဲ့ကိစ္စတွေတော့ မကြီးမသိဘူး ..” ဆိုပြီး ပြောပြထားတာပါ..။

မိဖုရားလည်းမဖြစ်ချင်ဘူး ဘုရင်မနဲ့ ကိုယ်လုပ်တော်လည်း မဖြစ်ချင်ဘူး

"မကြီးရဲ့မိတ်ကပ်ဆရာတွေအကြောင်း Facebookပေါ်ရေဦးမယ် သူတို့တစ်ယောက်ချင်းစီရဲ့အကြောင်း အကုန်လုံးကိုပါးစပ်မပိတ်စေရအောင် မရိုးစေရအောင်ရေးမယ် မကြီးရဲ့အသံ တစ်နေ့ တစ်ခြားကျယ်လာတာ သူတို့အပေါ်မူတည်တယ်ဆိုတဲ့ စိုးမြတ်သူဇာ" #MLTV #စိုးမြတ်သူဇာ

Posted by Myanmarload TV on Monday, 31 August 2020

ကလေးတွေနဲ့ တစ်နေ့တစ်နေ့ Hero တွေကို ဘယ်လိုသတ်ရမလဲ ဘာညာ သတ်တာကိုတော့ ဝါသနာမပါပေမယ့် ပုံစံတစ်မျိုးနဲ့ ဆော့တာဖြစ်ပြီး ဂိမ်းဆော့ရတာ အဆင်ပြေတဲ့ အကြောင်းလေးတွေကို အားပါးတရပြောပြထားတဲ့ မကြီးစိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။credit