Celebrities

ရုပ်ရှင်ဇာတ်ကားတွေ ဆက်မရိုက် ဖြစ်တော့တဲ့ အဓိကအကြောင်းအရ င်းကို ဖွင့်ဟလာတဲ့ မင်းသားကြီး ကျော် ရဲအောင်

မင်းသားကြီးကျော်ရဲအောင်ကတော့ ပရိသတ်တွေကြား ယခုထိ အောင်မြင်နေသူတစ်ဦိးပါ ရိုးရိုးရှင်းရှင်းစကားပြောတတ်သလို သဘာဝဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း လူကြိုက်များလျှက်ရှိတာဖြစ်ပါတယ်

ယခုနောက်ပိုင်းမှာတော့ ကျော်ရဲအောင်ဟာ ရုပ်ရှင်ရိုက်ကူးမှုတွေ နည်းလာခဲ့တာဖြစ်ပြီး အနုပ ညာလှုပ်ရှားမှုကြဲပါးသွားခဲ့တာပါ ဒီအကြောင်းကို ကျော်ရဲအောင်က အခုလိုရှင်းပြလာခဲ့ ပါတယ်

“ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးဆိုတာ ကိုဗစ်ကော ကိုဗစ်မရှိတုန်းကလဲ သိပ်ပြီး မရိုက်ဖြစ်ဘူး။ နည်းနည်းပါးပါးပဲလုပ်ဖြစ်တယ် ဇာတ်ကားတွေကို သိပ်ပြီးတော့ မရွေးချယ်ပေမယ့် မရိုက်ဖြစ် တာကတော့ လာမငှားလို့ မရိုက်ဖြစ်တာလေ၊ လာမငှားတာရယ် နောက်တစ်ခုက ကိုယ်သိပ်မကြို က်တာရယ် ငှားတဲ့ဟာကျတော့လဲ သိပ်ပြီးတော့ အဆင်မပြေဘူး။ ကိုယ်နဲ့ သိပ်မလိုက်ဘူးလေ ကိုယ်နဲ့လိုက်ရင်တော့ ရိုက်ဖြစ်ပါတယ်” လို့ဆိုလာခဲ့တာပါ

ဆက်လက်ပြီး ကျော်ရဲအောင်က “အခုနောက်ပိုင်းတော့ တော်ကြပါတယ်။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက် တာ အသစ်လေးတွေနဲ့ ကျွန်တော်များများ ရိုက်ဖူးတယ်။ သူတို့တွေ စိတ်ရှည်လက်ရှည် ရိုက်ကြ တယ်။ အရင်လို ဝုန်းဒိုင်း ဝုန်းဒိုင်းမဟုတ်တဲ့ အတွက်ကြောင့် စိတ်ချမ်းသာတယ်။ ကျွန်တော်က အဲ့ လိုရိုက်ချင်တာ။

ဘာလို့လဲဆိုတော့ ကျွန်တော် ကားမရိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးလို့ ပြော ပြ ရဦးမယ် ကားရိုက်ရတာ အရင်တုန်းက ကောင်းတယ်ဗျ ကောင်းတယ်ဆိုတာ တိုင်တိုင်ပင်ပင်နဲ့ ရိုက်ကြတယ် အနဲဆုံးမရိုင်ဘူးဆိုရင်တောင် ရက်(၂၀)လောက် ကြာကြတယ်။

အခုဟာက ရက်(၂၀)မဟုတ်တော့ဘူးလေ အခုဟာ ကားက (၇)ရက်နဲ့တစ်ကား (၅)ရက်နဲ့တ စ်ကား ပြီးအောင်လိုက်ရိုက်တဲ့ အခါကျတော့ ကျွန်တော်က မရိုက်ချင်တော့ဘူး။ နောက်ပြီးတော့ အဲ့လောက်ကြီးလဲ ကျွန်တော် မလိုက်နိုင်ဘူး။ ဇာတ်ကားတစ်ကားရိုက်ပြီဆို နဲနဲပါးပါးတိုင်တိုင် ပင် ပင်တော့ ရှိရမယ်ဗျ။

ဘယ်လိုတိုင်တိုင်ပင်ပင်ရှိရမလဲဆိုတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာနဲ့ နော က် ပြီးတော့ သရုပ်ဆောက် အချင်းချင်းတွေ အဲ့လို တိုင်တိုင်ပင်ပင်လုပ်မှ အပေးအယူတွေ မျှတာ အခုဟာပ ကားအရေအတွက်များဖို့ ပြသခွင့်မြန်မြန်ရဖို့ ရိုက်နေကြတော့ ကြာလာတော့ မရိုင်ချင် တော့ဘူး။ ကျွန်တော်က ပေတီးပေကပ်လုပ်လာရော၊

ပေတီးပေကပ်လုပ်လာတဲ့အခါကျ တော့ ဘာ ဖြစ်လာလဲဆိုတော့ ကျွန်တော် မကောင်းဘူးဖြစ်သွားရော။ အဲ့တော့ အဆင်ပြေအောင် မြန် မြ န်ရိုက်တဲ့သူတွေကြောင့် ကိုယ်ပဲဦးနှောက်မကောင်းလို့လား မသိဘူး လိုက်မမှီဘူး။

နောက်တစ်ခုက မြန်မြန်ဆန်ဆန် မရိုက်တတ်ဘူး။ ကျွန်တော်က အကြာကြီးရိုက်ဖို့ကို ပြောတာမ ဟု တ်ဘူး။ အခုဟာက တစ်ယောက်နဲ့ တစ်ယောက် ညှိချိန်မရှိတော့ဘူး။ အဲ့တာမျိုးတွေက သိပ် ကြာ လာတဲ့အခါ များလာတဲ့ အခါမျိုးမှာကျတော့ ရုပ်ရှင်လောကကြီးပါ မကောင်းတော့ဘူး။ တ ဖြည်းဖြည်း အဲ့လိုဖြစ်သွားတယ်။ တခြည်းဖြည်းနဲ့ ဒါရိုက်တာတွေဟာ ထုတ်လုပ်သူကို အလိုလိုက် တယ်။ ထုတ်လုပ်သူတွေကလဲ ရက်နဲနဲနဲ့ များများလိုချင်ကြတယ်။ လူတိုင်းကတော့ ဒီတိုင်းပဲလေ။

ပိုက်ဆံတွေရင်းနှီးထားရတော့ သူတို့လဲ များများတော့ လ်ုချင်မှာပဲ။ ရက်နဲနဲနဲ့ များများရ သူတို့လဲ ကိုက်တယ်။ သူတို့ကိုလဲ အပြစ်မပြောပါဘူး။ ဒါပေမယ့် ဘာစည်းစောင့်သင့်လဲဆိုတော့ (၅)ရက်နဲ့ အပြီးရိုက်ချင်နဲ့သူတွေရှိကြတယ်။ အဲ့လိုတော့ မလုပ်သင့်ဘူး။ မကောင်းတာတော့ အကုန်လုံးမ ကောင်းကြတာပါ။ တစ်ယောက်ထဲတော့ သွားပြောလို့ မရဘူး။ “ဆိုပြီး ပြောပြလာခဲ့တာဖြစ်ပါ တယ်

ကျော်ရဲအောင်ကတော့ ရုပ်ရှင်တစ်ကားကို ၅ ရက်နဲ့ အပြီးရိုက်သူတွေကြောင့် ရုပ်ရှင်လောကကြီး ပျက်စီးလာတဲ့အကြောင်း ပြောပြသွားခဲ့တာပါနော် ပရိသတ်ကြီးလည်းကျော်ရဲအောင်ရဲ့အမြင်လေးကို သဘောတူမတူ ပြောခဲ့ကြပါအုန်းcredit