Celebrities

ကြည့်ရှု့သူ သိန်း(၂၀)အထိရှိနေခဲ့တဲ့ အေးမြဖြူရဲ့ မြန်မာအကလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေး

ပရိသတ်ကြီးရေ ပရိသတ်တွေက မိုးသိုလေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အေးမြဖြူလေးကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာအကကို သင်ကြားလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးတွေလည်း ကြည့်ရှုပြီးကြမယ်လို့ထင်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာ မြန်မာအကကို သေချာလေးလေ့ကျင့်သင်ကြားနေပြီး ခေါင်းခါခြေလက် စည်းဝါးနရီ ကိုက်ညီလှစွာကနေတဲ့ အေးမြဖြူလေးရဲ့ ကပုံကဟန်တွေကို ပရိသတ်တွေက သဘောကျပြီးချီးကျူးနေခဲ့ကြပါသေးတယ်။ ဒီဗီဒီယိုလေးကတော့ မိုးသိလေးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ဆက်ခဲ့ပြီး (၄)ရက်အတွင်းမှာတင် ကြည့်ရှုသူ သိန်း(၂၀)အထိရှိနေခဲ့ပါတယ်။

မိုးသိုလေးကလည်း အခုလို သူ့ရဲ့အကလေ့ကျင့်နေတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေက သဘောကျနှစ်သက်နေပြီး သူ့ရဲ့ မြန်မာအကကို ပရိသတ်တွေနှစ်သက်တာကြောင့် ငယ်ငယ်တုန်းက ကခဲ့တာလေးတွေကိုပါ တင်ပေးသွားပါဦးမယ်တဲ့။ ပရိသတ်ကြီးရေ မိုးသိုလေးရဲ့ ငယ်ငယ်ကအကဗီဒီယိုလေးတွေကိုကြည့်ဖို့ Ready ပဲလား။

Chilli – CeleZone
Source – Aye Mya Phyu

#credit