Celebrities

ဇာတ်ကားရိုက်ရင်း ရယ်လဲရယ်ခဲ့ရ ရှက်လဲရှက်ခဲ့ရတဲ့ အမှတ်တရတစ်ခုကို ပြောပြလာခဲ့တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်တစ်ယောက် အနုပညာလောကမှာကျင်လည်ခဲ့စဉ်ကဖြစ်ခဲ့တဲ့အလွဲလေးကို ” တစ်ချိန်ကရိုက်ခဲ့တဲ့ ဇာတ်ကားပုံဟောင်းလေးပြန်တွေ့လို့ အဲ့အချိန်က ရယ်စရာနဲ့ ရှက်စရာ အဖြစ်အပျက်လေးတစ်ခုပြောပြဦးမယ် (၂၀၀၄) တုန်းက ထွက်ခဲ့တဲ့ဇာတ်ကား ကျွန်တော့် အသက် (၁၉) နှစ်မှာ ရိုက်ခဲ့တာ အဲ့ဇာတ်ကားမှာ ကျွန်တော်က ဦးဇာဂနာ နဲ့ ကိုရာဇာနေဝင်းရဲ့ သားလုပ်ရတာ အဖေနှစ်ယောက် မမြတ်ကေသီအောင်က ကိုယ့်ရဲ့အမေ ဝိုင်းစုခိုင်သိန်းရဲ့ အနုပညာလောကမှာပထမဆုံးစရိုက်တဲ့ဇာတ်ကားပေါ့ ဇာတ်လမ်းက ကျွန်တော်ကအမေနဲ့ ရန်ဖြစ်ပြီး အိမ်ကထွက်ပြေးတာ ဇာတ်လမ်း သိပ်တော့မမှတ်မိတော့ဘူး အဖေနှစ်ယောက်က လိုက်ရှာတာ ဘယ်သူက အဖေအရင်းမှန်းတော့မသိဘူး ဇာတ်လမ်းအစထဲကပြေးလိုက် မိလိုက် ပြန်ပြေးလိုက်နဲ့ ဇာတ်လမ်းဆုံးမှ မိသားစုပြန်ဆုံတာ ဇာတ်အတိုချုံးကအဲ့လို အဖေနှစ်ယောက်နဲ့ သားဇာတ် ဟာသကား တစ်ကားလုံး အင်္ကျီ တစ်ထည်ထဲ ဇာတ်အစအဆုံးထိ ဝိုင်းစုက ကျွန်တော့်ရည်းစား ဇာတ်လမ်းလေးကြိုက်တယ် ရယ်ရလို့ ”

” ရှက်စရာကဘာလဲဆိုတော့ တကယ်က ကျွန်တော့်လိုအပ်ချက်ပေါ့လေ အင်္ကျီ တစ်ထည်ထဲ ဇာတ်ဝင်ခန်းပေါင်းများစွာ (၅-၆) ရက်ရိုက်ရမှာကို ဆင်တူအပိုမလုပ်ထားမိဘူး ဇာတ်လမ်း အခန်းစဉ်ရတုန်းကလဲ အင်္ကျီအပိုဆောင်ထားသင့်တယ်ဆိုတာ ထည့်မတွေးမိခဲ့ဘူး ပြေးတဲ့ အခန်းတွေနဲ့ ဒီတစ်စုံထဲပဲရိုက်တော့ အင်္ကျီကချွေးစော်ကိုနံနေတာပဲ လျှော်ချိန်လဲမရ ကိုယ်ကလဲ မနက်ဗီဒီယိုရိုက်ပြီးရင် ညနေကျရင် ဓါတ်ပုံတို့ ကြော်ငြာတို့ ဘာညာ သာရကာ ပြေးခုတ်သေး တာ ငယ်တုန်းကျတော့လဲ ရိုက်ရတဲ့အချိန် ဘယ်အရာမှ လက်မလွှတ်ချင်ဘူးလေ ဒီလိုနဲ့ပဲ အကြောင်းကြောင်းကြောင့် အဲ့ဒီအင်္ကျီကိုမလျှော်ဖြစ်ခဲ့ ဘာကြောင့်လဲတော့ မမှတ်မိ ကျွန်တော်ကလဲ တနေကုန် ကိုယ့်အခန်းရိုက်ခါနီးတိုင်း ရေမွှေးတွေဘာတွေ မစွတ်တတ်ဘူး အဲ့အချိန်က ဂွမ်းစိန်အကြီးစားပေါ့ကွယ် ကျွန်တော့်လောက်အသန့်အပြန့်ကြိုက်တဲ့သူ ရှူတင်မသွားခင် ရေချိုးရေမွှေးဆွတ်ခဲ့သော်လည်းပဲ တနေကုန်နေပူထဲရိုက် နေပူပူမှာ ချွေးတလုံးလုံးနဲ့ဆိုတော့ နံပြီလေလူက ရေလဲပြန်ချိုးလို့မရ ကိုယ့်အင်္ကျီ ချွေးစော်နံနေတာလဲ ဖျစ်ညှစ်ပြီး ဝတ်ရတာပဲ ”

” နောက်ဆုံးခန်းမှာ သားကိုပြန်တွေ့လို့ အဖေနှစ်ယောက်က ဖက်နမ်းကြတာ အဲ့ဒီမှာစတွေ့တာပဲ ကိုရာဇာက နမ်းလဲနမ်းရော နံလို့တဲ့ ရှက်လိုက်တာ ပြောမနေနဲ့ အခုထိမှတ်မိသေးတယ် ကိုယ်လဲ ဘာလုပ်ရမှန်းမသိ ကိုယ်အသုံးမကျတာလေ အဲ့အချိန်ကစပြီး နောက်ကားတွေတိုင်း ရိုက်ပြီဆို အင်္ကျီတစ်ခါ လဲတိုင်း အမြဲရေမွှေးဆွတ်တယ် ပီကေဝါးတယ် ပီကေဘာလို့ဝါးလဲဆိုတော့ အထူးသဖြင့်ချစ်ခန်းကြိုက်ခန်း ပူးပူးကပ်ကပ်ရိုက်ရင် ကိုယ့်ပါးစပ်နံ နေမှာစိုးလို့ လောကမှာ ကျွန်တော့်အတွက် အရှက်ဆုံးကတော့ ကိုယ်နဲ့ တူတူ အလုပ်လုပ်ရတဲ့သူတွေ ကိုယ့်ရဲ့ ကိုယ်နံ့ ကြောင့်စိတ်အနှောက် အယှက်ဖြစ်မှာကိုပဲ သင်ခန်းစာပေါ့လေ အဲ့အချိန်ကအမှတ်တရလေးပါ ပြန်တောင်ကြည့်ချင်သေးတယ် Record သိမ်းထားတာမရှိဘူး (၁၆) နှစ်တောင်ကြာခဲ့ပြီ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဇာတ်ကားရိုက်ရင်း ရယ်လဲရယ်ခဲ့ရ ရှက်လဲရှက်ခဲ့ရတဲ့ အမှတ်တရတစ်ခုကို ပြောပြလာခဲ့တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်တစ်ယောက် အနုပညာလောကမှာကျင်လည်ခဲ့စဉ်ကဖြစ်ခဲ့တဲ့အလွဲလေးကို ” တစ်ချိန်ကရိုက်ခဲ့တဲ့ ဇာတ်ကားပုံဟောင်းလြေး ပန်တွေ့လို့ အဲ့အချိန်က ရယ်စရာနဲ့ ရှက်စရာ အဖြစ်အပျက်လေးတစ်ခုပြောပြဦးမယ် (၂၀၀၄) တုန်းက ထွက်ခဲ့တဲ့ဇာတ်ကား ကျွန်တော့် အသက် (၁၉) နှစ်မှာရိုက်ခဲ့တာ အဲ့ဇာတ်ကားမှာ ကျွန်တော်က ဦးဇာဂနာ နဲ့ ကိုရာဇာနေဝင်းရဲ့ သားလုပ်ရတာ အဖေနှစ်ယောက် မမြတ်ကေသီအောင်က ကိုယ့်ရဲ့အမေ ဝိုင်းစုခိုင်သိန်းရဲ့ အနုပညာလောကမှာပထမဆုံးစရိုက်တဲ့ဇာတ်ကားပေါ့ ဇာတ်လမ်းက ကျွန်တော်က အမေနဲ့ ရန်ဖြစ်ပြီး အိမ်ကထွက်ပြေးတာ ဇာတ်လမ်းသိပ်တော့မမှတ်မိတော့ဘူး အဖေနှစ်ယောက်က လိုက်ရှာတာ ဘယ်သူက အဖေအရင်းမှန်း တော့မသိဘူး ဇာတ်လမ်းအစထဲကပြေးလိုက် မိလိုက် ပြန်ပြေးလိုက်နဲ့ ဇာတ်လမ်းဆုံးမှ မိသားစုပြန်ဆုံတာ ဇာတ်အတိုချုံးကအဲ့လို အဖေနှစ် ယောက်နဲ့ သားဇာတ် ဟာသကား တစ်ကားလုံး အကျႌ တစ်ထည်ထဲ ဇာတ်အစအဆုံးထိ ဝိုင်းစုက ကျွန်တော့်ရည်းစား ဇာတ်လမ်းလေးကြိုက်တယ် ရယ်ရလို့ ”

” ရှက်စရာကဘာလဲဆိုတော့ တကယ်က ကျွန်တော့်လိုအပ်ချက်ပေါ့လေ အကျႌ တစ်ထည်ထဲ ဇာတ်ဝင်ခန်းပေါင်းများစွာ (၅-၆) ရက်ရိုက်ရမှာကို ဆင်တူအပိုမလုပ်ထားမိဘူး ဇာတ်လမ်း အခန်းစဉ်ရတုန်းကလဲ အကျႌအပိုဆောင်ထားသင့်တယ်ဆိုတာ ထည့်မတွေးမိခဲ့ဘူး ပြေးတဲ့ အခန်းတွေနဲ့ ဒီတစ်စုံထဲပဲရိုက်တော့ အကျႌကချွေးစော်ကိုနံနေတာပဲ လျှော်ချိန်လဲမရ ကိုယ်ကလဲ မနက်ဗီဒီယိုရိုက်ပြီးရင် ညနေကျရင် ဓါတ်ပုံတို့ ကြော်ငြာတို့ ဘာညာသာရကာ ပြေးခုတ်သေး တာ ငယ်တုန်းကျတော့လဲ ရိုက်ရတဲ့အချိန် ဘယ်အရာမှ လက်မလွှတ်ချင်ဘူးလေ ဒီလိုနဲ့ပဲ အကြောင်းကြောင်းကြောင့် အဲ့ဒီအကျႌကိုမလျှော်ဖြစ်ခဲ့ ဘာကြောင့်လဲတော့ မမှတ်မိ ကျွန်တော်ကလဲ တနေကုန် ကိုယ့်အခန်းရိုက်ခါနီးတိုင်း ရေမွှေးတွေဘာတွေ မစွတ်တတ်ဘူး အဲ့အချိန်က ဂွမ်းစိန်အကြီးစားပေါ့ကွယ် ကျွန်တော့်လောက် အသန့်အပြန့်ကြိုက်တဲ့သူ ရှူတင်မသွားခင် ရေချိုးရေမွှေးဆွတ်ခဲ့သော်လည်းပဲ တနေကုန်နေပူထဲရိုက် နေပူပူမှာ ချွေးတလုံး လုံးနဲ့ဆိုတော့ နံပြီလေလူက ရေလဲပြန်ချိုးလို့မရ ကိုယ့်အကျႌ ချွေးစော်နံနေတာလဲ ဖျစ်ညှစ်ပြီး ဝတ်ရတာပဲ ”

” နောက်ဆုံးခန်းမှာ သားကိုပြန်တွေ့လို့ အဖေနှစ်ယောက်က ဖက်နမ်းကြတာ အဲ့ဒီမှာစတွေ့တာပဲ ကိုရာဇာက နမ်းလဲနမ်းရော နံလို့တဲ့ ရှက်လိုက်တာပြောမနေနဲ့ အခုထိမှတ်မိသေးတယ် ကိုယ်လဲ ဘာလုပ်ရမှန်းမသိ ကိုယ်အသုံးမကျတာလေ အဲ့အချိန်ကစပြီး နောက်ကားတွေ တိုင်း ရိုက်ပြီဆို အကျႌတစ်ခါလဲတိုင်း အမြဲရေမွှေးဆွတ်တယ် ပီကေဝါးတယ် ပီကေဘာလို့ဝါးလဲဆိုတော့ အထူးသဖြင့်ချစ်ခန်း ကြိုက်ခန်း ပူးပူးကပ်ကပ်ရိုက်ရင် ကိုယ့်ပါးစပ်နံနေမှာစိုးလို့ လောကမှာ ကျွန်တော့်အတွက် အရှက်ဆုံးကတော့ ကိုယ်နဲ့ တူတူ အလုပ်လုပ်ရတဲ့သူ တွေ ကိုယ့်ရဲ့ ကိုယ်နံ့ ကြောင့်စိတ်အနှောက်အယှက်ဖြစ်မှာကိုပဲ သင်ခန်းစာပေါ့လေ အဲ့အချိန်ကအမှတ်တရလေးပါ ပြန်တောင်ကြည့် ချင်သေးတယ် Record သိမ်းထားတာမရှိဘူး (၁၆) နှစ်တောင်ကြာခဲ့ပြီ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။credit