အဆိုတော်ဇော်ပိုင်ရဲ့ လိမ္မာရေးခြားရှိတဲ့သားလေး ရွှေပိုင် ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ ရွှေပိုင်လေးကတော့ စကားပြောယဉ်ကျေးရုံသာမက လူကြီးလေးတစ်ယောက်လို ကိုယ့်ထက်ငယ်တဲ့ညီလေး၊ညီမလေးတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ဗွီဒီယိုတွေနဲ့ အမြဲမျှဝေပေးနေသူပါ။
ဒီတစ်ခေါက်မှာလည်း ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို ညီလေး၊ ညီမလေးတွေအတွက် ဗွီဒီယိုလေးနဲ့ မျှဝေခဲ့ပြန်ပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် အရေးကြီးတဲ့နည်းလမ်းတွေဖြစ်တဲ့ Mask တပ်ဖို့နဲ့ တပ်ထားတဲ့ Mask ကိုစနစ်တကျ ပြန်လည်စွန့်ပစ်ဖို့ ၊ ဆပ်ပြာ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ လက်ဆေးကြဖို့၊ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားကြဖို့ နဲ့ လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြဖို့ နည်းလမ်းတွေကို မြန်မာလိုသာမက အင်္ဂလိပ်လိုပါ ပြောပြပြီး ဗွီဒီယိုလေးပြုလုပ်ကာ မျှဝေခဲ့ပါတယ်။
စကားပြောအေးဆေးပြီး ချစ်ဖို့ကောင်းတဲ့ရွှေပိုင်လေးကတော့ ကြည့်ရှုသူတွေမပျင်းရအောင် သူ့ရဲ့ပညာပေးဗွီဒီယိုလေးကို အမူအရာလေးတွေနဲ့ တင်ဆက်ထားပါတယ်။ သားသားချစ်တဲ့အားလုံးနဲ့ ညီလေး၊ ညီမလေးတွေအတွက်ဆိုပြီး ရွှေပိုင်လေးရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
"အားလုံးတူတူ ကာကွယ်ကြပါမယ် ခင်ဗျာ"? ??? ( မြန်မာ/English two versions ပါ )
Posted by Shwe Paing on Friday, 28 August 2020
Source – Shwe Paing
Rainbow- Cele Gabar
#credit