Celebrities

CHALLENGE လုပ်တာ ရွှေတိဂုံဘုရားကို မီးလောင်နေတဲ့ပုံတင်တယ်လို့ဝေဖန်ခံနေရတဲ့ မောင်မောင်အေး

CHALLENGE လုပ်တာဆိုပြီး မောင်မောင်အေး ကိုယ်တိုင်ဆွဲထားတဲ့ ရွှေတိဂုံဘုရားပုံတော် ပန်းချီကားဟာ မီးလောင်ပီး ပျက်စီးနေတဲ့ပုံစံပေါက်နေတယ် ဆိုပြီး အပြင်းအထန် ဝေဖန်ခံနေရ ပါတယ် ။

မောင်မောင်အေးက ပြန်ရှင်းတာကတော့ အနုပညာလက်ရာ တစ်ခုတင်ဖို့ Min Zin Than ကနေ စိန်ခေါ်မှုတစ်ခု လက်ခံခဲ့တယ် အားလုံးက ငါ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုထဲကပဲ ဖြစ်ရမယ် ။

ရှင်းပြချက်မရှိ ၊ သုံးသပ်ချက်မရှိ တစ်နေ့တစ်နေ့ သူငယ်ချင်းတစ်ယောက်ကို စိန်ခေါ်မှုတွေကို ရယူဖို့ တောင်းဆိုရမယ် 4 ရက်မြောက်နေ့ဖြစ်ပါသည် ။

ဒီနေ့ ငါ Myo Min Hlaing Myomin ကို ခေါ်နေတယ် ကံမမုန်းအောင်နေကြပါ ဒီရက်ပိုင်းမှာ တကမ္ဘာလုံးကိုဗစ်ရောဂါ အပြင် တခြာတခြားသော ဘေးဒုက္ခတွေပါ ထပ်ထပ်တိုးတိုးလာတာ သတိထားမိကြလား ။

သတ္တဝါတွေဟာ ကံဆိုးကံညစ်တွေ အကျိုးပေးပြီဆိုရင် ရှောင်လို့မရတော့ဘူး တဲ့ ရောဂါပိုးကြောင့် သောကများနေရတဲ့အချိန်မှာ ထပ်တိုးဒုက္ခတွေကြောင့်ပရိဒေဝပါ အပိုပါလာကြပြီ ဇာတ်တော်တွေထဲမှာတော့ ဒီလိုဝတ္တုတွေ တွေ့မိပါတယ်

နွားကျောင်းသား ခုနစ်ယောက် အဲဒီခုနစ်ဦးဆုံတိုင်း ဂူပိတ် ခံရတယ် နောက်ဆုံး ရဟန္တာဖြစ်မဲ့ ဘဝမှာ ဂူထဲမှာတရားကျင့်နေတုန်း ကျောက်တုံးကြီးသူ့ဖာသူ လာပိတ်တယ်

အဲဒီကျောက်တုံး ဘယ်က လာလဲဆိုတော့ သူတို့ရဲ့ကံတွေကြောင့်ဖြစ်တာ ရဟန်းနှစ်ပါးချစ်ချစ်ခင်ခင်နေတာကိုကို မိန်းမပုံသဏ္ဌာန်နဲ့စမ်းသပ်ခဲ့လို့ ဒီဘဝမှာ ရဟန္တာဖြစ်ပေမဲ့ ဆွမ်းခံကြွတိုင်း နောက်က မိန်းမတယောက် ပါလာလို့ ကဲ့ရဲ့ခံခဲ့ရတယ်

အဲဒီမိန်းမ ဘယ်ကလာလည်း ဆိုတော့ အကုသိုလ်ကံကြောင့်ပေါ်လာတာ တကယ်မိန်းမမဟုတ်ဘူး ရဟန်းသံဃာတော်တွေ ကိုယ့်ကိုကိုယ်သတ်သေဖို့လုပ်နေတာ ဘုရားရှင်သိပေမဲ့ ကယ်မရလို့ မျက်နှာလွဲသွားတယ် ။

ဟိုတလောက စက်လှေမှောက်လို့လူဆယ်ယောက် မှာ ၈ ယောက်က ရေနစ်သေတယ် ရေကူးတတ်တဲ့ နှစ်ယောက်က ချောင်းစပ်က သစ်ပင်ပေါ်တက်ပြေးတာာ သစ်ပင်ပေါ်က မြွေကိုက်လို့အဲဒီနှစ်ယောက်ပါသေတယ်တဲ့ ။

နာဂစ်မှာ ရေထဲက ကယ်လာတဲ့ သင်္ဘောဟာ ထပ်မြုပ်သွားလို့ ဒုတိယမ္ပိ ထပ်သေကြရတယ် ပြောခင်တာကကံတွေ အကျိုးပေးလာရင်ကြံဖန်ပြီးသေတတ်ပါတယ် ဒါဟာ သာမန်ဆိုရင်တော့ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်လို့ တွေးကြမှာပါ ။

တကယ်တော့ ကံတွေအကျိုးပေးတာပါ လူသားအချင်းချင်း မေတ္တာထားကြပါ အခုပြောတာတွေက ကံရဲ့သဘောတရားတွေကို ပြောပြတာပါဖြစ်လာတဲ့ အခါ ဉာဏ်နဲ့ဝိရိယ ထုတ်ပြီး ကယ်ဖို့လည်း အထူးလိုအပ်ပါတယ် ။

အကောင်းဆုံးကတော့ကံတွေအကျိုးမပေးအောင်ဘုရား တရား ပိုလုပ်ကြပါလို့ပဲတိုက်တွန်းပါရစေအခု အမေရိကန်မှာ ဖြစ်တဲ့ ပြဿနာမျိုးဟာ တကမ္ဘာလုံးဆီကိုတောင် ကူစက်သွားမယ်ဆိုလည်း ကူးစက်နိုင်ပါတယ် ။

ကိုဗစ်ထက်ကြောက်စရာကောင်းတဲ့ အကြောင်းတရားတွေ နေရာအနှံ့ နိုင်ငံအနှံ့မှာ ပေါ်ပေါက်နိုင်ပါတယ် ကပ်ဆိုက်တယ်ဆိုတာ တနိုင်ငံတည်းရွေးဆိုက်တာမဟုတ်ဘူးသတ္တဝါတိုင်း မလွတ်အောင်ခံရမှာဒုက္ခအမျိုးအစားပဲ ကွာလိမ့်မယ်

မြန်မာပြည်လည်း အစစအရာရာ သတိထားစေချင်ပါတယ် ကံတွေအကျိူးပေးရင်သိပ်ပြီးကြောက်စရာကောင်းပါတယ်မြန်မာပြည်မှာ ပဋိပက္ခတွေုဖစ်ဖို့အကြောင် းတရားတွေခေါင်းစဉ်တွေကလည်း အဆင်သင့်ပဲဆိုတော့ အထူးသတိထားဖို့လိုအပ်ပါတယ် ။

လူမုန်းရင်ရှောင်လို့ရတယ်ကံမုန်းရင် ရှောင်လို့မရတာမို့ကံမမုန်းအောင်ကောင်းမူ့ကုသိုလ်တွေ လုပ်ထားကြဖို့ တိုက်တွန်းပါ၏

ဦးမြင့်ခိုင် လွန်ခဲ့တဲ့ ၂ ရက်က ကိုယ်စုဆောင်းထားတဲ့ပန်းချီကားတွေကို ပန်းချီမြတ်နိုးသူတွေအချင်းချင်း အပြန်အလှန်ပုံတွေ ၇ ရက်ဆက်တိုက်တင်ပြီးပြကြရင်း အပြန်အလှန်ဖလှယ်တဲ့စိန်ခေါ်မှုမှာ မိတ်ဆွေတဦးက Challenge လုပ်လို့ ကိုယ်အမြတ်တနိုးစုထားတဲ့ကားတွေထဲကတချို့ကို ပုံတင်ဖြစ်တယ်..

အဲ့ဒီမှာ ၄ ရက်မြောက်နေ့တင်လိုက်တဲ့ မြတ်ရွှေတိဂုံ ရေဆေးပန်းချီကားရဲ့အောက်ကမန့်တွေဖတ်ရင်း အစကတော့ ဘာမှကိုပြန်ရှင်းပြချင်စိတ်မရှိခဲ့ဘူး.. ဒါပေမယ့် အမှားကို အမှန်ထင်နေတဲ့သူတွေ..

ပန်းချီအကြောင်းနကန်းတလုံးမှ မသိ.. သိအောင်လည်း မကြိုးစား မလေ့လာ.. ဘာမြင်မြင် ကိုယ့်တထွာတမိုက်အသိလေးနဲ့ အသားလွတ် ဝင်ဆဲရင်း အကုသိုလ်ယူနေတဲ့သူတွေကို သနားလည်းသနားမိသလို

ကိုယ့်နိုင်ငံမှာရှိတဲ့ တချို့သူတွေရဲ့ ပညာရေးရေချိန်.. အနုပညာရေချိန်တွေ ဘယ်လောက်တောင် ခေါင်းပါး နိမ့်ပါးနေလဲဆိုတာ တွေးမိတယ်… စိတ်မကောင်းလည်းဖြစ်ရတယ်…

ဒီဘုရားပန်းချီကားမှာ ရေသပ္ပာယ်နေတဲ့သူတွေပါတယ်..ရေသပ္ပာယ်ပြီးပြန်ထွက်လာတဲ့သူပါတယ်.. စောင်းတန်းထဲကနေထွက်လာတဲ့သူပါတယ်… ဘုရားကို ပန်းနဲ့ ကြည်ညိုဖူးမျှော်နေတဲ့သူပါတယ်…

ပန်းချီဆရာက သူအဓိကပြချင်တဲ့ ဘုရားရှိခိုးနေတဲ့အမျိုးသမီးလေးရယ် နေ့နံထောင့်တထောင့်က ရွှေရောင်ဝင်းနေတဲ့ ကြည်ညိုဖွယ်ရာစေတီတဆူရယ်ကို အဓိကပြချင်လို့ ကျန်တဲ့နေရာတွေကို ဝါးထားတယ်..

ပန်းချီကားက ရေဆေးပန်းချီကား.. ပန်းချီဆရာက မြန်မာနိုင်ငံမှာ ရေဆေးဘုရင်ကြီးလို့တောင် ပန်းချီလောကမှာ သတ်မှတ်ထားတဲ့ မြန်မာ့ပန်းချီကျော်ကြီး ဆရာမြင့်နိုင်…

သူ့ကားတွေကို နိုင်ငံတကာကပွဲတွေမှာလည်း ပြပွဲပေါင်းများစွာပြဖူးတဲ့သူ..သူ့ပန်းချီကားတချပ်က ကာလတန်ဖိုး တကားကို ၁၅ သိန်း ကနေသိန်း ရာချီအထိဈေးပေးပြီး ဝယ်စုဆောင်းကြရတာ…

အခုပို့စ်မှာ မြန်မာနိုင်ငံကျော် ကမ္ဘာကျော်ပန်းချီဆရာကြီး ဦးလွန်းကြွယ် နဲ့ တခြားနိုင်ငံက ကမ္ဘာကျော်ပန်းချီပညာရှင်တွေ ရဲ့ ရွှေတိဂုံဘုရားပန်းချီကားတချို့ကိုပါတင်ပေးလိုက်ပါတယ်…

ကိုယ်တိုင်လည်း ပန်းချီပညာရှင်မဟုတ်သလို ဒီလောက်ကျယ်ပြောလှတဲ့ အနုပညာလက်ရာတွေကို ဝေဖန်နိုင်ဖို့နေနေသာသာ ဟိုးအဝေးကြီးကနေလေ့လာသင်ယူမဆုံးဖြစ်နေရတဲ့သူ…

ဒါပေမဲ့ ကိုယ်မသိတဲ့ဘာသာရပ်တခုကို အသားလွတ်ဆဲဖို့လောက်တော့ သတ္တိမရှိဘူးရယ်… ဒီပန်းချီကားကို လာဆဲကြလို့ဆိုပြီး ကိုယ့်မိတ်ဆွေရင်းတချို့က ပုံကိုပြန် hide ထားလိုက်ပါလားလို့တောင် စေတနာနဲ့ လာပြောကြသေးတာ…

ပုံပြန်ဖျက်လိုက်ရင် ကိုယ်လည်းဘာတခုမှ အမှားမလုပ်ထားသလို ပန်းချီဆရာကြီးလည်း အမှားမရှိပါဘဲနဲ့ ကိုယ့်မသိနားမလည်မှုကို အမှန်ထင်ပြီး လာရမ်းကား ရိုင်းစိုင်းနေတဲ့သူတွေကို ကြောက်တယ်လို့ထင်သွားမှာ..

သူတို့ရဲ့ အောက်တန်းကျမှုအမှားက မှန်တယ်ထင်သွားမှာတော့ လုံးဝအဖြစ်မခံနိုင်တာပါ.. လို့ပြန်ရှင်းပြလိုက်ရတယ်.. အခုဟာက အော်ပရာဆိုပြနေတဲ့သူကို ငါနားမလည်တာနဲ့ဘဲ ဘာတွေလျှောက်အော်နေတဲ့အရူးလဲဆိုပြီး ပြောနေတာနဲ့ အတူတူပဲဆိုတာတောင် သိပုံမရကြဘူး….

TikTok ဆော့တဲ့သူကို အနုပညာရှင်လို့ ထင်နေတဲ့သူတွေများလွန်းတဲ့တိုင်းပြည်မှာနေ နေရတဲ့ ကိုယ်တွေကတော့ သူတော်စင်လည်းမဟုတ်သလို ဒေါသကင်းတဲ့သူလည်းမဟုတ်တဲ့ သာမန်လူတယောက်ဆိုပေတဲ့

အခုလိုအောက်တန်းကျကျလာတိုက်ခိုက်တဲ့သူတွေကြောင့်တော့ ဘယ်လိုမှကိုစိတ်မဆိုးမိဘူးရယ်… ဘယ်လိုအစားတွေလဲဆိုတာကို လိုက်ကြည့်တော့လည်း အကောင့်တုတွေရယ် အောက်တန်းစားတွေကိုထောက်ခံနေတဲ့အဖွဲ့တွေကအများဆုံးဖြစ်နေတော့ ရယ်ပဲရယ်ချင်နေမိတော့တယ်…

နောက်မျိုးဆက်တွေအတွက် ပညာရေး နဲ့ အနုပညာ ရေချိန်တွေမြင့်လာအောင်သာ နိုင်သလောက်လေးဝိုင်းကြိုးစားဖို့ရှိတော့တယ် လို့ရှင်းပြပါတယ် ပရိတ်သတ်ကြီးလဲ ဘယ်လိုအမြင်ရှိလဲ ကွန်မန့်လေးပေးသွားပါအုန်း ။credit