Knowledge

ငယ်ငယ် ရွယ်ရွယ်နဲ့ ဆံပင်ဖြူတွေ ပေါက်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေရှိကြပါတယ်။အဲ့ဒီအခါ ဆေးအမည်းပြန်ဆိုးရတာနဲ့ ကြာတော့ ဆံပင်တွေလည်း ပျက်စီးလာပါရော။ တစ်ပင်နှစ်ပင် လောက်က ပြဿနာမရှိပေမဲ့ နည်းနည်းလေးများလာပြီဆိုရင်တော့ စိတ်ညစ်ရမှာ အမှန်ပါပဲ။ ဆံပင်လည်း ပြန်မည်းချင်တယ်။ ဆံပင်ပျက်စီးတာလည်း မဖြစ်ချင်ဘူး ဆိုတဲ့သူတွေအတွက် သဘာဝအတိုင်းဆံသားပြန်လည် မည်းနက်စေမယ့် နည်းလမ်းကောင်းလေးတွေ ပြန်ပြီးဝေမျှပေးပါမယ်။ ဘယ်လိုနည်းလမ်းကောင်း လေးတွေလဲဆိုရင်…

*အုန်းဆီနဲ့သံပုရာရည်==ဆံပင်အတွက် လုံလောက်တဲ့ အုန်းဆီအနည်းငယ်ရယ်၊ သံပုရာရည်စားပွဲတင်ဇွန်း သုံးဇွန်းရယ်ကို ရောစပ်ပြီး ဦးရေပြားတစ်ဝိုက် ညင်သာစွာ လိမ်းပါ။ ပြီးရင် ဆံသားတွေကို သေချာဖြီးပါ။ တစ်နာရီလောက်ထားပြီးရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့ လျှော်ပေးနိုင်ပါပြီ။ ဒီနည်းလေးကို တစ်ပတ်ကို ၂ ခါ ဖြစ်စေ သုံးခါဖြစ်စေ လုပ်ပေးပါ။

*Almond ဆီ== ဆံပင်ဖြူလာတာ သတိထားမိတဲ့အခါ Almond ဆီလေးနဲ့ ပုံမှန်နှိပ်နယ်လိမ်းပေးမယ်ဆိုရင် ဆံသားတွေပြန်ပြီး နက်မှောင်လာနိုင်ပါတယ်။ Almond ဆီက ဆံသားကို ပြန်ပြီး အားဖြည့်ပေးတဲ့အတွက် တစ်လလောက် ပုံမှန်လိမ်းပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။

*အာလူး== အာလူးလေးတွေကို ရေနွေးပွက်ပွက်ထဲ ထည့်ပြုတ်လို့ ရလာတဲ့အရည်ကို အအေးခံပါ။ပြီးရင် အဲ့ဒီအရည်ကို ဆံသားအနှံ လောင်းချပေးတာကလည်း ဆံပင်သားတွေ ပြန်ပြီးနက်မှောင်လာစေတယ်လို့ သိရပါတယ်။ ဆံသားအရောင်လည်း တောက်ပစေပြီး သန်မာလာစေပါတယ်။

*Black coffee== Black coffee မှုန့်ကို Hair mask အဖြစ် သုံးပေးတာကလည်း သဘာဝအတိုင်း ဆံသားနက်မှောင်လာစေတဲ့ နည်းလေးပါ။ ကော်ဖီမှုန့် အနည်းငယ်ကို ရေနဲ့ရောစပ်လို့ ရလာတဲ့အနှစ်တွေကို ဆံသားအရင်းကနေ အဖျားထိလိမ်းပေးပါ။ ပေါင်းတင်သလို ဖြစ်တဲ့အပြင် ဆံသားကိုလည်း နက်မှောင်သန်စွမ်း လာစေပါတယ်။

*ထောပတ်သီး== ထောပတ်သီးကလည်း ဗီတာမင်ဘီ၊ဗီတာမင် 12 ပါဝင်တဲ့အတွက် သဘာဝအတိုင်း ဆံသားနက်မှောင် သန်စွမ်းစေပါတယ်။ အသက်အရွယ် ရလာ ရင်တောင် သူများတွေထက် ဆံပင်ဖြူတာ နှေးချင်တယ်ဆိုရင် ထောပတ်သီးကို Hair mask အဖြစ် ပုံမှန်သုံးပေးသင့်ပါတယ်။ ထောပတ်သီးကို ကြိတ်ချေပြီး ရလာ တဲ့ အနှစ်တွေကို ဆံသားအနှံ့ လိမ်းပေးပါ။ တစ်ပတ်ကို တစ်ခါပုံမှန် လုပ်ပေးသွားရင် ဆံသားခြောက်သွေ့ ကြမ်းတမ်းတာတွေ အတွက်ပါ ဖြေရှင်းပြီးသား ဖြစ်သွား ပါလိမ့်မယ်။

*ငရုတ်ကောင်း== ငရုတ်ကောင်းကလည်း ဆံပင်ဖြူတာကိုကာကွယ်ပေးနိုင်ပြီး ဆံသားနက်မှောင်လာစေပါတယ်တဲ့။ ငရုတ်ကောင်းအမည်းစေ့လေးတွေကိုကြိတ်ချေပြီး သံပုရာရည်အနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပါ။ ၁၅မိနစ်၊ နာရီဝက်လောက်ကြာတဲ့အခါ ရေနဲ့သေချာဆေးချပြီး ပုံမှန်ခေါင်းလျှော်သလို လျှော်ပေးလို့ရပါပြီ။ ဒါက ဦးရေပြားမှာဖြစ်တတ်တဲ့ဝက်ခြံနဲ့ဗောက်တွေကိုပါ သေစေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေက ဆံပင်ဖြူစပေါက်နေတဲ့လူငယ်လေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်စေမှာပါ။ဆံပင်လုံးဝဖြူနေတဲ့ လူကြီးတွေအတွက်တော့ ဒီနည်းလမ်းလေးတွေ က ဆံပင်ကို လုံးဝပြန်ပြီး မည်းနက်စေတာထက် ဆံပင်အုံပို ကောင်းလာပြီး ဆံပင်တွေမကျွတ်တော့အောင်၊ အရင်လိုဆံသားမြန်မြန်ဖြူတာမျိုး မဖြစ်စေတော့အောင် ဆံသား ထိန်းသိမ်းပေးတာမျိုးပဲ အသုံးဝင်နိုင်ပါတယ်။ crd