Celebrities

မျက်စိကုသပေးလိုက်တဲ့ အန်တီက မျက်လုံးနှစ်လုံးစလုံး ပြန်မြင်နေရပြီမို့ ကြည်နူးပီတိဖြစ်နေတဲ့ နေဆန်း

နေဆန်းကတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေကို ဖန်တီးတင်ဆက်ရင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိလာပြီး လက်ရှိမှာ ကြော်ငြာတွေကိုပါရိုက်ကူးနေရတဲ့ အထိအောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အခုလိုအောင်မြင်လာချိန်မှာတော့ နေဆန်းက အနုပညာကြေးတွေကိုစုပြီး အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါသေးတယ်။

အလုပ်ကိစ္စနဲ့ ခရီးတွေသွားရင်း လမ်းမှာတွေ့တဲ့ လူတွေအတွက်ကို တတ်နိုင်သလောက် ကာလ ဒါန အလှူတွေပြုလုပ်လှူဒါန်းလေ့ရှိတဲ့ အပြင် ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကလည်း မျက်စိဝေဒနာကိုခံစားနေရတဲ့ အန်တီကြီးတစ်ယောက်ကို ဆေးကုသပေးဖို့ ဆေးဖိုးဝါးခ လှူဒါန်းပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မျက်စိဝေဒနာရှင် အန်တီကြီးက ကုသမှုအောင်မြင်ခဲ့ပြီး မျက်စိနှစ်လုံးစလုံးပြန်လည်မြင်နေရပြီပဲဖြစ်ပါတယ်။

နေဆန်းကတော့ သူ့ရဲ့အလှူလေး အထမြောက်ပြီး မျက်လုံးနှလုံးစလုံးလည်း ပြန်မြင်နေရတဲ့ အတွက် ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ နေဆန်းရဲ့ အလှူလေးအတွက်ကို ပရိသတ်ကြီးတို့လည်း ဝမ်မြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။credit