Celebrities

မင်္ဂလာသက်တမ်း (၃၉) နှစ်ပြည့်ပွဲလေးကို ကြည်ကြည်နူးနူးကျင်းပခဲ့ကြတဲ့ ကျော်သူတို့ဇနီးမောင်နှံ

အတူတူရှိခဲ့တဲ့နှစ်တွေဟာ ဒီနေ့ဟာဆိုရင် (၃၉) နှစ်ပြည့်သွားခဲ့ပါပြီ။ အသက်တွေဘယ်လောက် ပဲကြီးလာပါစေ အချစ်တွေကတော့ နုပျိုနေဆဲပါပဲ။ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်ပြီးအကျိုးဆောင်ပေးတဲ့ စိတ်စေတနာဖြူသူဖြစ်သလို ဇနီးသည်ကလည်း ခင်ပွန်းလုပ်ချင်တဲ့ အရာတွေကို ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ကူညီပေးခဲ့ပါတယ်။

ပရိဟိတအလုပ်တွေလည်းလုပ်သလို သူချစ်တဲ့အနုပညာအလုပ်ကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ လက်ရှိအချိန်ထိ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်နေဆဲပါပဲ။ ဇနီးဖြစ်သူနဲ့ လက်တွဲခဲ့တာ (၃၉) နှစ်ပြည့်တဲ့ပွဲလေးကို ခင်မင်ရသူတစ်ချို့သာဖိတ်ပြီး ကြည်ကြည်နူးနူးလေး ကျင်းပခဲ့ပါ တယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ စည်စည်ကားကားကျင်းပခဲ့ပေမယ့် ရောဂါတွေကြောင့် အကျဉ်းရုံးပြီးတော့ပဲ စီစဉ်ခဲ့တာပါ။

ဒီပွဲလေးကို ဦးမောင်ရဲ့ပရဟိတအဖော်ကောင်းတွေဖြစ်တဲ့ ထွန်းကိုကိုနဲ့ ရွှေပိုးအိမ်တို့အပြင် တခြားသူတွေလည်းတက်ရောက်ခဲ့ကြပါတယ်။ (၃၉) နှစ် တိုင်တိုင် ချစ်ခြင်းမေတ္တာတွေ ခိုင်ခိုင်မြဲမြဲနဲ့ ချစ်ခဲ့ကြတာတကယ်ကိုအားကျစရာပါ။ နောက်ထပ်နှစ်တွေအများကြီးမှာ အချစ်တွေ အောင်မြင်မှုတွေ အများကြီးထပ်မံပိုင်ဆိုင်နိုင်ကြပါစေ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

မင်္ဂလာသက်တမ်း (၃၉) နှစ်ပြည့်ပွဲလေးကို ကြည်ကြည်နူးနူးကျင်းပခဲ့ကြတဲ့ ကျော်သူတို့ဇနီးမောင်နှံ

အတူတူရှိခဲ့တဲ့နှစ်တွေဟာ ဒီနေ့ဟာဆိုရင် (၃၉) နှစ်ပြည့်သွားခဲ့ပါပြီ။ အသက်တွေဘယ်လောက် ပဲကြီးလာပါစေ အချစ်တွေ ကတော့ နုပျိုနေဆဲပါပဲ။ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်ပြီးအကျိုးဆောင်ပေးတဲ့ စိတ်စေတနာဖြူသူဖြစ်သလို ဇနီးသည်ကလည်း ခင်ပွန်းလုပ်ချင်တဲ့ အရာတွေကို ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ကူညီပေးခဲ့ပါတယ်။

ပရိဟိတအလုပ်တွေလည်းလုပ်သလို သူချစ်တဲ့အနုပညာအလုပ်ကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ လက်ရှိအချိန်ထိ ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သ ရုပ်ဖော်နိုင်နေဆဲပါပဲ။ ဇနီးဖြစ်သူနဲ့ လက်တွဲခဲ့တာ (၃၉) နှစ်ပြည့်တဲ့ပွဲလေးကို ခင်မင်ရသူတစ်ချို့သာဖိတ်ပြီး ကြည်ကြည်နူးနူး လေး ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ စည်စည်ကားကားကျင်းပခဲ့ပေမယ့် ရောဂါတွေကြောင့် အကျဉ်းရုံးပြီးတော့ပဲ စီစဉ်ခဲ့တာပါ။

ဒီပွဲလေးကို ဦးမောင်ရဲ့ပရဟိတအဖော်ကောင်းတွေဖြစ်တဲ့ ထွန်းကိုကိုနဲ့ ရွှေပိုးအိမ်တို့အပြင် တခြားသူတွေလည်းတက်ရောက်ခဲ့ ကြပါတယ်။ (၃၉) နှစ်တိုင်တိုင် ချစ်ခြင်းမေတ္တာတွေ ခိုင်ခိုင်မြဲမြဲနဲ့ ချစ်ခဲ့ကြတာတကယ်ကိုအားကျစရာပါ။ နောက်ထပ်နှစ်တွေအများ ကြီးမှာ အချစ်တွေ အောင်မြင်မှုတွေ အများကြီးထပ်မံပိုင်ဆိုင်နိုင်ကြပါစေ။credit