Celebrities

စိတ်အားငယ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ စွမ်းဇာနည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ဇွဲလရောင်

Zawgyi

ပရိတ်သတ်ကြီးရေ ဇွဲလရောင်ကတော့ စွမ်းဇာနည်ရဲ့ ဇာတ်ခုံပေါ် မှာ သီချင်းကောင်းများကို သီဆိုဖျော်ဖြေရင်း ပရိတ်သတ်ရှေ့မှောက် ရောက်ရှိလာတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သီချင်းဗီဒီယိုများစွာကို လက်ခံရိုက်ကူးနေပြီး ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေပြီ

ဖြစ်တဲ့ အောင်မြင်တဲ့ မင်းသားချောတစ်ယောက်ပါ ။ မင်းသားကြီး ဦးကျော်သူရဲ့ နာရေး ကူညီမှုအသင်းမှာ ပရဟိတလုပ်ငန်းများကို တဖက်တလှမ်းက လုပ်ကိုင်နေတာကြောင့် အားလုံးရဲ့ ချီးကျူးအားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ မင်းသားချော ဇွဲလရောင်ကတော့ အနုပညာလမ်းကြောင်း

အစမှစင်တင်ပြီး သီချင်းများကို သီဆိုဖျော်ဖြေခွင့်ပေးခဲ့တဲ့ ဆရာအကို စွမ်းဇာနည်နဲ့ပက်သက်ပြီး မီဒီယာမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ကိုစွမ်းနဲ့ကတော့ ကျွန်တော့်ကိုလူသိမများ မအောင်မြင်ခင်ကတည်းက စင်ပေါ်တင်ပေးပြီး သီချင်းဆိုခွင့်ပေးခဲ့တယ်။ ကျွန်တော့်ဘဝအတွက် ကျေးဇူးရှင်ပါ။

ကိုစွမ်းက တကယ်aတာ့ ကျွန်တော့်ထက်ငယ်တယ်။ ဒါပေမဲ့ လေးစားမှုရှိတဲ့အနေနဲ့ ကျွန်တော်ကအကိုလို့ခေါ်တာ ကိုစွမ်း ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ကျေးဇူးရှင်လို့ပဲ သတ်မှတ်ထားတယ်။ အခုတော့ သူမွေးနေ့လို

အချိန်မျိုးရောက်မှ ညီအကိုတွေ တစ်နှစ်တစ်ခါ စုံဖြစ်တယ်။ အရင်ကဆို ပွဲတွေရှိတိုင်း သွားဆိုဖြစ်တယ်။ အခုတော့ ပွဲတွေမရှိတော့ဘူးဆိုရင်တောင် နှစ်တိုင်း မွေးနေ့မှာတော့ အတူတူရှိဖြစ်ပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်က ဘဝတွေမတူဘူးပေါ့နော်။ ကိုစွမ်းကျတော့

သူ့ဘေးမှာ ဖေးမမယ့်သူနည်းတယ်။ သူ့ဘေးနားမှာ မိဘ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းနည်းတယ်။ အဲ့တော့ သူက တစ်ယောက်တည်းဖြစ်နေပြီး အားငယ်နေတဲ့အချိန်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကလည်း အချိန်ပြည့် ရှိမနေပေးနိုင်ဘူး။ သူတစ်ယောက်သာ အဆင်ပြေမယ်ဆိုရင်

နောက်က အဖွဲ့သားတွေအကုန်လုံး မှီခိုလို့ရမယ်ပေါ့နော်။ ဟိုတလောက သူနေမကောင်းတဲ့အချိန် ကျွန်တော်တို့အတူတူ ရေတံခွန်တောင်မှာ အလှူသွားလုပ်ကြတယ်။ အဲ့ဒါကို ပရိတ်သတ်တွေက အားပေးကြတယ်။ ဓာတ်ပုံတွေရှိက်ကြတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း အမြန်ပြန်လာခဲ့ရတယ်။

အဓိက သူ့ရဲ့ဆန်းက တော်တော်လေးကိုကောင်းတယ်။ သူ ကျန်းမာရေးမကောင်းလို့ ဘယ်လိုပဲဖြစ်နေဖြစ်နေ တစ်ချိန်ချိန်ကျရင် ကောင်းကောင်းမွန်မွန်နဲ့ စင်ပေါ်သာပြန်တက်လိုက် သေချာတယ် သူ့ကိုချစ်တဲ့သူတွေ အများကြီးရှိမှာပဲ။ ကျွန်တော်က နေကောင်းတဲ့ တစ်ရက်ကျရင်

ကျွန်တော် ပရဟိတလုပ်နေတဲ့ နာရေးကူညီမှုကို လိုက်ခဲ့ပါလားလို့ ခေါ်ဖြစ်တယ်။ ကျွန်တော် နာရေးကူညီမှုအသင်းမှာ လုပ်နေတဲ့ကုသိုလ်တွေကို ရစေချင်တယ်။ အဲ့ပီတိကို ရစေချင်တယ်။ ကောင်းတာတွေ များများလုပ်ရင် မကောင်းတဲ့အချိန်တွေ နည်းသွားလိမ့်မယ်။

ကျွန်တော့်အတွက်ကတော့ ကိုစွမ်း ဘာကြီးဖြစ်နေဖြစ်နေ ကျန်းမာနေရင်တော်ပြီ။ အောင်မြင်မှုက ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျန်းမာနေရင် ကျွန်တော်တို့ ညီအကိုတွေ ဆုံလို့ရပြီပေါ့ ဒါက ကျွန်တော့်ဘက်က ဆန္ဒပါ။ ဒါပေမဲ့ ပရိတ်သတ်တယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့

အကောင်းဆုံးကို မျှော်လင့်ထားပြီး ဖြစ်စေချင်ပါတယ်။” ဆိုကာ ညီအကိုလို ကျေးဇူးရှင်လို ချစ်ခင်လေးစားရတဲ့ စွမ်းဇာနည်ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ စွမ်းဇာနည်ကို အခုချိန်ထိ ချစ်ခင်အားပေးနေပြီး စင်ပေါ်ပြန်တက်လာတာကို

မြင်ချင်ကြတယ်ဆိုရင် စွမ်း အတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။credit