Celebrities

စိုးမြတ်သူဇာ အတွက် အစ်ကိုအရင်းတစ်ယောက်လို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ရန်အောင်

ဒီနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ ပရိသတ်အချစ်တော် ဝါရင့်မင်းသမီးကြီး စိုးမြတ်သူဇာရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ မကြီးစိုး လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ရတဲ့ မကြီးစိုးကတော့ လူချစ်လူခင်ပေါတဲ့ အပြင် အနုပညာ သမားအချင်းချင်းတောင် ချစ်ခင်လေးစားရတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုလည်းမမှားပါဘူး ။

မကြီးစိုးရဲ့ မွေးနေ့အတွက် အနုပညာရှင်တွေတော်တော်များများက လည်း မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။ အနုပညာမောင်နှမတွေ ဖြစ်တဲ့အပြင် တကယ့်မောင်နှမ အရင်းအချာတွေ ပမာ ရင်းနှီးနေတဲ့ ရန်အောင်ကတော့ “ဒီနေ့ ညီမတော်”စိုးမြတ်သူဇာ”ရဲ့မွေးနေ့ပေါ့..မွေးနေ့အတွက် ဘာတွေဆုတောင်းပေးရမှန်းမသိအောင်ပါဘဲ (လိုချင်တာ,ဖြစ်ချင်တာ,တွေများလွန်းလို့လေ) Happy Birthday! Soe Myat thu zar မွေးနေ့မှစပြီး ဘဝမှာလိုအပ်နေတဲ့ အတိတ် က ဆန္ဒ ပစ္စုပ္ပန် အတွက် ဆန္ဒ အနာဂတ် အတွက် ဆန္ဒတွေ အားလုံး ပြည့်စုံပါစေဗျာ..ဆိုတဲ့စာသားလေးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထာပါသေးတယ် ။

တစ်ယောက်ကို တစ်ယောက် ရင်းနှီးပြီး မောင်နှမ အရင်းတွေလိုဖြစ်နေတဲ့ မကြီးစိုးကတော့ ကိုရန်လေးကို အမြဲ ဆိုးနေကြဖြစ်ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ ရန်အောင် က မကြီးစိုးအတွက် ကိုယ့် အကိုလည်း အမြဲ ပူဆာနိုင်ပါစေဆိုတဲ့ ထပ်ဆင့် ဆုမွန်ကောင်းလေးကိုလည်းတောင်းပေးထားတာ တွေ့ရပါတယ် ။ မကြီးစိုးတစ်ယောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အောင်မြင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။credit