Celebrities

နှင်းဆီ Unplug အတွက် သီချင်းအသစ် တစ်ပုဒ် နဲ့ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ မင်းမော်ကွန်း

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်ပါ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး နုပျိုလွန်းတဲ့မင်းသားတစ်ယောက် အဖြစ်ပရိသတ်တွေအသိမှတ်ပြုထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ ပရိသတ်တွေကို ဟာဒရရွှင်ဆေး တိုက်ကျွေးတဲ့နေရာမှာလည်း လူရွှင်တော်တစ်ယောက် နီးပါး တော်တဲ့ မင်းသားတစ်ယောက်ပါ ။

သရုပ်ဆောင် အလုပ်အပြင် နာမည်ကျော် မင်းသားမင်းသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီ အငြိမ့်အဖွဲ့မှာလည်း လူရွှင်တော်တစ်ယောက် အဖြစ်ပါဝင်ထားတာပါ ။ လတ်တလောမှာတော့ မင်းမော်ကွန်းတစ်ယောက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတစ်ခုနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာထဲ့ပါတယ် ။ မိတ္တူ ကူးထားခဲ့သလိုပဲ ငါ့ဘဝဟာလည်းခေါက်ရိုးတွေကျိုးနေတယ် အရင်လိုပါပဲတေးရေးတေးဆို မင်းမော်ကွန်း ဆိုတဲ့ စာသားလေးနဲ့အတူ နှင်းဆီ unplug အတွက်သီချင်းအသစ် တစ်ပုဒ်ကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အမြည်း မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ သီချင်းအသစ်လေးကို အားပေးချင်လို့ စောင့်နေကြကြောင်း မှတ်ချက်တွေရေးသားထားတာကိုလည်းတွေ့ရပါတယ် ။ မင်းမော်ကွန်းကို အားပေးတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရော သီချင်းအသစ်လေးကို အားပေးဖို့အဆင်သင့်ပဲလား မှတ်ချက်ပေးခဲ့ပါဦးနော် ..။credit