Celebrities

သူမရဲ့ မွေးနေ့လေးမှာ တန်ဖိုးကြီးလက်ဆောင်တွေ နဲ့ ခင်လှိုင်တို့ လုပ်ပေးတဲ့ မွေးနေ့ surprise လေးကြောင့် ပျော်ရွှင်နေရတဲ့ ဂွမ်းပုံ ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံ ကတော့ အနုပညာလောကမှာ နေရာရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဂွမ်းပုံကတော့ ဟာသ ဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရယူသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတာကိုတွေ့ရပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ ကတော့ ပြည်သူ့ချစ်အနုပညာရှင် ဂွမ်းပုံ ရဲ့ မင်္ဂလာရှိတဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အတွက် ခင်ပွန်းဖြစ်သူအပြင် ခင်လှိုင်တို့ မိသားစု တွေက အမှတ်တရ မွေးနေ့ပွဲလေးကို surprise လုပ်ပေးခဲ့ကာ ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲလေး ကျင်းပနေ့တုန်းလေးမှာ ဂွမ်းပုံက ပရိသတ်တွေအတွက် ပျော်ရွှင်နေတာလေးတွေ ကူးစက်သွားအောင် live လွှင့် ခဲ့ပါသေးတယ်။ဒါ့အပြင် ဂွမ်းပုံ မွေးနေ့လေးမှာပဲ မန္တလေး အညာမြေစားဖွယ်စုံမှ မိသားစုလေးကအမှတ်တရပေးခဲ့တဲ့ တန်ဖိုးကြီး ပတ္တမြားရင်ထိုးလေး လက်ဆောင်တွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ဂွမ်းပုံက သူမရဲ့ မွေးနေ့ပွဲလေးနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားရာမှာလည်း ” မြန်မာတစ်နိုင်ငံလုံးရှိချစ်ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်နိုင်ပါစေ”…ဆိုတဲ့ရည်ရွယ်ချက်နဲ့မွေးနေ့လက်ဆောင်ပေးတာပါတဲ့Mdy.အညာမြေစားဖွယ်စုံမှ..မိသားစုလေးရဲ့ကောင်းလိုက်တဲ့ရည်ရွယ်ချက်ပြီးတော့မွေးနေ့ကိတ်အပါအဝင်..မွေးနေ့ညစာစားပွဲလေးကိုလည်း..မထင်မှတ်ဘဲ..ကျင်းပပေးခဲ့တယ်…အနုပညာချစ်သားလေးကိုခင်လှိုင် ၊ ငယ်လေးတို့ကိုလည်း ကျေးဇူးအများကြီး.အများကြီးတင်ပါတယ်နော်” ဖော်ပြပေးထားပါသေးတယ်။

Mdy.အညာမြေမိသားစုမှ..ဂွမ်းဂွမ်း..အတွက်မွေးနေ့အမှတ်တရ..လုပ်ပေးတယ်အတိုင်းမသိပျော်ခဲ့ရသည်?????????????

Posted by Goon Sein on Monday, 31 August 2020