Celebrities

အားလပ်ရက်မှာ သွားရောက်လည်ပတ်ခဲ့တဲ့ ပုဂံက အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာတဲ့ ယွန်းယွန်း

ချစ်ပရိသတ်ကြီး‌ရေ ငယ်စဥ်အရွယ် ကလေးဘဝကတည်းက ဗီဒီယိုဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေတဲ့ သူလေးကတော့ ယွန်းယွန်းပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ပေးနိုင်တဲ့ ယွန်းယွန်းက အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာပဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ယွန်းယွန်းက ဆယ်ကျော်သက်အရွယ်အပျိုမလေး ဖြစ်ပြီး တစ်နေ့တခြား လှသွေးကြွယ်နေတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်လေးလည်း ဖြစ်လို့နေပါတယ်။

ယွန်းယွန်းက သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း ပရိသတ်တွေ အချစ်ပိုစေလောက်တဲ့ ပုံလေးတွေကို တင်ပေးလာတာကို တွေ့ရပါတယ်။

ယွန်းယွန်းက မကြာသေးမှီအချိန်က အနုပညာလှုပ်ရှားမှု အားလပ်တဲ့အချိန်လေးမှာ အပန်းဖြေခရီးအဖြစ် ပုဂံဘုရားတွေကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကြည်လင်ဝင်းပတဲ့ သူမရဲ့ အသားအရည်လေးနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အပြုံးချိုချိုလေးနဲ့ ပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

Photo credit – Yoon Yoon’s FB page

Source – Yoon Yoon’s FB page