Dhamma

ချင်းတောင်တန်းဆရာတော်ကြီးရဲ့ မွေးနေ့မှာ ပြည်တော်အေးကပ်ကျော် ကျီးမနိုး စေတီတော်ကြီးကို တည်နိုင်ခဲ့တယ်ဆိုတဲ့ ဖြိုးမြတ်အောင်

Zawgyi

အဆိုတော် ဖြိုးမြတ်အောင်ကတော့ ကိုဗစ်ကာလအတောအတွင်းမှာ ဘာသာရေးအလုပ်တွေ ပိုပြီးလုပ်ဖြစ်နေတယ် လို့ဆိုပါတယ်။ “ကျွန်တော် ကိုဗစ်ကာလအတောအတွင်းမှာတော့ ဘာသာရေး ပိုလုပ်ဖြစ်တယ်။ တရားထိုင်ဖြစ်တယ်။ အဲဒီအကျိုးအမြတ်တွေတော့ ရလိုက်တယ်။

ချင်းတောင်တန်း ဆရာတော်ကြီးရဲ့မွေးနေ့မှာ တောင်ညိုလေး ဆရာတွေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်ရဲ့ We Love မိသားစုတွေရယ် ဆုပေါင်းပြီးတော့ ဘုန်းဘုန်းမွေးနေ့ အမှတ်တရလက်ဆောင်အဖြစ် ပြည်တော်အေး ကပ်ကျော် ကျီးမနိုးစေတီတော်ကြီးကို တည်ထားခဲ့နိုင်တယ်”

လို့ သူကဆိုပါတယ်။ လက်ရှိမှာလည်း ဂီတနဲ့ပတ်သက်ပြီး သီချင်းတွေ ဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းကလည်း Joox ကနေ ပရိသတ်တွေပေးတဲ့ JOOX 2020 Half Year ရဲ့ Artist and Song Award ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ပရိသတ်တွေ Voting ပေးလို့

ရခဲ့တဲ့ဆုတွေနဲ့ပတ်သက်ပြီး မိသားစုနဲ့တိုင်ပင်ကာ အလှူအတန်းတွေ ထပ်လုပ်ဖို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။အခုလို ဆုရဖို့အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ “ကျွန်တော့်အတွက် အပင်ပန်းခံ Vote

လုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တချို့တွေဆို ဖုန်းတွေတောင်ဟန်းကုန်တယ်လို့ ပြောသံကြားတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ဒုတိယဘုရားသခင် သီချင်းနဲ့ ဆုရတဲ့အတွက်လည်း ပျော်တယ်။ ဒီဆုနဲ့ပတ်သက်ပြီး ပြန်လှူဖို့တွေကို

မိသားစုနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားထားပါတယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ ဖြိုးမြတ်အောင်က ကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။

Unicode

အဆိုတော် ဖြိုးမြတ်အောင်ကတော့ ကိုဗစ်ကာလအတောအတွင်းမှာ ဘာသာရေးအလုပ်တွေ ပိုပြီးလုပ်ဖြစ်နေတယ် လို့ဆိုပါတယ်။ “ကျွန်တော် ကိုဗစ်ကာလအတောအတွင်းမှာတော့ ဘာသာရေး ပိုလုပ်ဖြစ်တယ်။ တရားထိုင်ဖြစ်တယ်။ အဲဒီအကျိုးအမြတ်တွေတော့ ရလိုက်တယ်။

ချင်းတောင်တန်း ဆရာတော်ကြီးရဲ့မွေးနေ့မှာ တောင်ညိုလေး ဆရာတွေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်ရဲ့ We Love မိသားစုတွေရယ် ဆုပေါင်းပြီးတော့ ဘုန်းဘုန်းမွေးနေ့ အမှတ်တရလက်ဆောင်အဖြစ် ပြည်တော်အေး ကပ်ကျော် ကျီးမနိုးစေတီတော်ကြီးကို တည်ထားခဲ့နိုင်တယ်”

လို့ သူကဆိုပါတယ်။ လက်ရှိမှာလည်း ဂီတနဲ့ပတ်သက်ပြီး သီချင်းတွေ ဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းကလည်း Joox ကနေ ပရိသတ်တွေပေးတဲ့ JOOX 2020 Half Year ရဲ့ Artist and Song Award ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ပရိသတ်တွေ Voting ပေးလို့

ရခဲ့တဲ့ဆုတွေနဲ့ပတ်သက်ပြီး မိသားစုနဲ့တိုင်ပင်ကာ အလှူအတန်းတွေ ထပ်လုပ်ဖို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။အခုလို ဆုရဖို့အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ “ကျွန်တော့်အတွက် အပင်ပန်းခံ Vote

လုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တချို့တွေဆို ဖုန်းတွေတောင်ဟန်းကုန်တယ်လို့ ပြောသံကြားတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ဒုတိယဘုရားသခင် သီချင်းနဲ့ ဆုရတဲ့အတွက်လည်း ပျော်တယ်။ ဒီဆုနဲ့ပတ်သက်ပြီး ပြန်လှူဖို့တွေကိုမိသားစုနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားထားပါတယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ ဖြိုးမြတ်အောင်က ကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။credit