Celebrities

ဒီနေ့မှာ အသက်(၄၉) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော် စိုးမြတ်သူဇာ

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၃၁) နေ့လေးကတော့ မကြီးစိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်သူဇာရဲ့ အသက်(၄၉) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့ တည်ငြိမ်ရင့်ကျက်ပြီး တော်ဝင်တဲ့အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကိုလည်း လိုက်ပါစီးမျောနိုင်သူမို့ အနုပညာလောကမှာ ကာလရှည်ကြာစွာ ရပ်တည်နေနိုင်ခဲ့သူပါ။

နှစ်အနည်းငယ်လောက် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး ပရိသတ်ရှေ့ကပျောက်ခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်ကတည်းက အနုပညာအလုပ်တွေအများကြီးနဲ့ ပရိသတ်နဲ့ပြန်လည်ထိတွေ့လာသူပါ။ အကယ်ဒမီ(၂)ဆုရှင် နဂိုကတည်းက အောင်မြင်ခဲ့သူပီပီ ပြန်ရောက်လာတဲ့အချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဆက်တိုက်ပါဝင်လာသလို စာရေးဆရာမတစ်ယောက်အနေနဲ့လည်း စာတွေရေးပြီး မျှဝေနေသူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ညီအစ်မတွေစုပေါင်းပြီး မင်းသမီးပိုးထည်တိုက်ကို ဖွင့်လှစ်ထားပါတယ်။ အသက်(၄၉) နှစ်ရှိပြီဖြစ်ပေမယ့် နုပျိုလန်းဆန်းတဲ့မကြီးစိုးကတော့ အားလပ်ချိန်တွေကို ဂိမ်းဆော့၊ စာရေးပြီး ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပြောင်မြောက်တဲ့အနုပညာတွေနဲ့ ဆယ်စုနှစ်များစွာ ပရိသတ်အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မကြီးစိုးအတွက် မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးခဲ့ပါဦးနော်။

Source – Soe Myat Thuzar
Rainbow- Cele Gabar

#credit