Celebrities

ပရိသတ်ကြီးကို ချပြဖို့ မြန်မာအကပြန်လေ့ကျင့်နေတဲ့ အေးမြဖြူ

ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ပတ်သက်ပြီး ဘက်စုံထူးချွန်သူမိုးသိုလေးကိုတော့ ပရိသတ်တွေအားလုံးလည်း ချစ်ကြမှာပါနော်။ ငယ်စဉ်ကတည်းက မြန်မာယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးတတ်သူမို့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာ မြန်မာသံသီချင်းတွေနဲ့ ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့သူလို့ ဆိုရမှာပါ။

ငယ်စဉ်ကတည်းက မြန်မာသီချင်းတွေနဲ့သာမက မြန်မာအကတွေနဲ့ပါရင်းနှီးခဲ့သူ အေးမြဖြူကတော့ ဒီနေ့မှာမကဖြစ်တာကြာပြီဖြစ်တဲ့ မြန်မာအကလေးကို ပြန်လေ့ကျင့်နေတဲ့ဗွီဒီယိုလေးနဲ့အတူ ” မကဖြစ်တာ သုံးနှစ်လောက်တော့ ရှိပြီး Something Coming naw.. အကသင်ပြီးကျင့်နေတာမို့ မြန်မာဝတ်စုံမဝတ်ထားတာပါ ” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေပေးခဲ့ပါတယ်။

မိုးသိုကတော့ မြန်မာအကလေ့ကျင့်ပြီး တစ်ခုခုချပြဖို့ စီစဉ်နေပုံပါပဲ ပရိသတ်ကြီးရေ… ငယ်စဉ်ကတည်းက ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာလည်း ဆုရရှိထားသူ မိုးသိုလေးရဲ့ မြန်မာအကလေ့ကျင့်နေတဲ့ ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မိုးသိုလေး မြန်မာအကကျင့်နေ

မြန်မာအက မကတာ တော်တော်ကြာပြီ? Ps: အကသင်ပြီးကျင့်နေတာမို့လို့ မြန်မာဝတ်စုံမဝတ်ထားတာပါ?

Posted by AYE MYA PHYU on Sunday, August 30, 2020

Source – Aye Mya Phyu
Rainbow- Cele Gabar

#credit