Celebrities

တက္ကသိုလ်ဂွမ်းပုံအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ခင်လှိုင်

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၃၁) ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်တက္ကသိုလ်ဂွမ်းပုံရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ အောင်မြင်တဲ့ ဟာသသရုပ်ဆောင်အနေနဲ့ နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံတွေထဲမှာရှားပါးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့သူ့ရဲ့မွေးနေ့လေးမှာတော့ အနုပညာအလုပ်တွေမှာ အလိုက်ဖက်ဆုံးတွဲဖက်ဖြစ်သလို အပြင်မှာလည်း မိသားစုတွေလိုရင်းနှီးချစ်ခင်နေရတဲ့ ခင်လှိုင်က မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ” ကျွန်တော်လေးစားချစ်ခင်ရသော..ချစ်မကြီး အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ .. မွေးနေ့ရက်မြတ်မင်္ဂလာမှအစပြုပြုပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်မကြီးမြတ်နိုးတွယ်တာသောအနုပညာလောကမှာ အောင်မြင်မှုသရဖူကိုပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်အေးချမ်းသောမိသားစုဘဝ ထာဝရရရှိနိုင်ပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းစာလေး ရေးသားမျှဝေခဲ့ပါတယ်။

သူတို့နှစ်ဦးကတော့ အမြဲတတွဲတွဲတွေ့မြင်ရသလို ခင်လှိုင်ရဲ့ဇဝနဖောင်ဒေးရှင်းကနေတဆင့် သက်ကြီးဟာသလူရွှင်တော်တွေအတွက်လည်း လစဉ်ထောက်ပံ့ပေးနိုင်ဖို့ အတူတကွလုပ်ဆောင်နေသူတွေပါ ။ ဒီနေ့ တက္ကသိုလ်ဂွမ်းပုံရဲ့မွေးနေ့လေးမှာတော့ ခင်လှိုင်က သတိတရမွေးနေ့ဆုတောင်းပေးခဲ့တာပါ။ တီဂွမ်းကို ချစ်တဲ့ပရိသတ်ကြီးလည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Khin Hlaing
Rainbow- Cele Gabar

#credit