Celebrities

အမာခံပရိသတ်တစ်ယောက်ဆီက ရိုက်ကွင်းထိ ကော်ဖီနဲ့ အအေးကား ပို့ပြီး Surprise တိုက်ခံလိုက်ရတဲ့ ပန်းရောင်ခြယ်

ပရိသတ်တွေ အားပေးကြတဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ကတော့ ဖခင်ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေလုပ်ဆောင်နေတဲ့သူပါ ။ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေ ကိုဖမ်းစားထားတဲ့ အဆိုတော်မလေးဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပြီဖြစ်တဲ့ ပန်းရောင်ရဲ့ အမာခံပရိသတ်တွေက လည်း အများအပြားပါပဲ ။

လတ်တလောမှာတော့ ပန်းရောင် တစ်ယောက် ပရိသတ်တွေဆီက ကိုရီးယားဆန်ဆန် Surprise တိုက်ခံလိုက်ရပါတယ် ပရိသတ်ကြီးရေ ..။ သူမနာမည်ရဲ့ ကိုယ်စားပြုအရောင်ဖြစ်တဲ့ ပန်းရောင် ကော်ဖီ ကားလေးကို ရိုက်ကွင်းထိ ပို့ပေးပြီး သူတို့ချစ်တဲ့ အိုင်ဒေါလ်အတွက် Surprise တိုက်ခဲ့တာပဲဖြစ်ပါတယ် ။ ကော်ဖီကား ပန်းရောင်လေးမှာ လိပ်ပြာအဖွဲ့သားတွေအတွက် ချစ်တဲ့ ပန်းရောင်ရဲ့ Fan ( အမာခံပရိသတ် ) ဆိုတဲ့ စာသားလေးနဲ့အတူ ကြည်နူးဖွယ် Surprise တိုက်ခဲ့တာပဲဖြစ်ပါတယ် ။

ပန်းရောင်ကတော့ သူမ ဖန်တွေရဲ့ ချစ်ခင်မှုကိုအ သိမှတ်ပြုတဲ့အပြင် အရမ်းကိုပျော်လွန်းလို့ ဗီဒီယိုလေးရိုက်ကူးပြီး ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါသေးတယ် ။ ပန်းရောင်ကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်တွေအတွက်လည်း Surprise လုပ်ခံရတဲ့ ပန်းရောင်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။credit