Dhamma

ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အရမ်းကိုကြည်နူးစရာကောင်းလွန်းလှတဲ့ မြင်ကွင်းလေးပါပဲဗျာ

Zawgyi

ဘယ်လဂျီယမ်နိုင်ငံသား (၃၄ ဦး)၊ ကိုရီးယား(၃ ဦး)၊ တောင်အာဖရိက(၄ ဦး)၊ မနေ့က ဖားအောက်ရိပ်သာမှာ လာရောက်ရဟန်းခံကြပြီး ကိုရီးယားသူ(၅ ဦး)က (ရက် ၉၀) တိတိ တရားအားထုတ်ဖို့ သီလရှင်ဝတ်ကြပါတယ်။

အနောက်ကမ္ဘာမှာတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ပညာတတ် အသိုင်းအဝိုင်းတွေက ရာနှုန်းပြည့်နီးပါး ယုံကြည်ကြပြီး အုံနဲ့ကျင်းနဲ့ အလုံးအရင်းနဲ့ ဘာသာပြောင်းတွေ များလာခဲ့ပါတယ်

အဓိက ကတော့ မြန်မာပြည်ကို လာပြီးလက်တွေ့ တရားအားထုတ်တာပါပဲ။ တရားတော်တွေကို ကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှင်းလင်းပြောပြနိုင်မယ့် သံဃာ၊ သီလရှင်အရေအတွက်ကတော့ နည်းနေပါသေးတယ်။ ဒါပေမယ့်လည်း သိပ်ပြီးတော့ စိတ်မပူမိပါဘူး။

ဗုဒ္ဓတက္ကသိုလ်အသီးသီးက မွေးထုတ်ပေးနေတဲ့ ညီတော်နောင်တော်တွေ အစ်မတော် နှမတော်တွေဆိုတာ အလုပ်လုပ်ကြဖို့ပဲ မဟုတ်ပါလား။

(စာကြွင်း)အချို့ အာဂန္တုပုံရိပ်များလည်း ပါဝင်ပါသည်။ မိမိလည်း အဝါရောင် ဝတ်ဆင်၍ သွားခဲ့သည်။ ဖားအောက်ရိပ်သာ၌ နီညိုရင့်ရင့်သာ ဝတ်ဆင်ရပါသည်။ Crd

Unicode

ဘယ်လဂျီယမ်နိုင်ငံသား (၃၄ ဦး)၊ ကိုရီးယား(၃ ဦး)၊ တောင်အာဖရိက(၄ ဦး)၊ မနေ့က ဖားအောက်ရိပ်သာမှာ လာရောက်ရဟန်းခံကြပြီး ကိုရီးယားသူ(၅ ဦး)က (ရက် ၉၀) တိတိ တရားအားထုတ်ဖို့ သီလရှင်ဝတ်ကြပါတယ်။

အနောက်ကမ္ဘာမှာတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ပညာတတ် အသိုင်းအဝိုင်းတွေက ရာနှုန်းပြည့်နီးပါး ယုံကြည်ကြပြီး အုံနဲ့ကျင်းနဲ့ အလုံးအရင်းနဲ့ ဘာသာပြောင်းတွေ များလာခဲ့ပါတယ်။

အဓိက ကတော့ မြန်မာပြည်ကို လာပြီးလက်တွေ့ တရားအားထုတ်တာပါပဲ။ တရားတော်တွေကို ကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှင်းလင်းပြောပြနိုင်မယ့် သံဃာ၊ သီလရှင်အရေအတွက်ကတော့ နည်းနေပါသေးတယ်။ ဒါပေမယ့်လည်း သိပ်ပြီးတော့ စိတ်မပူမိပါဘူး