Celebrities

ဟန်ငြိမ်းဦး အကောင့် မှ ဖော်ထုတ်ထား တဲ့ အချစ်ရေး ကိစ္စနှင့် ပတ် သတ်ပြီး ဖြေရှင်း လိုက် တဲ့” သရုပ်ဆောင် မျိုးစန္ဒီကျော်

ဟန်ငြိမ်းဦး အကောင့် မှ ဖော်ထုတ်ထား တဲ့ အချစ်ရေး ကိစ္စနှင့် ပတ် သတ်ပြီး ဖြေရှင်း လိုက် တဲ့” သရုပ်ဆောင် မျိုးစန္ဒီကျော်

ပရိသတ်ကြီးေ ရ မျိုးစန္ဒီကျော် ကတော့ အနုပညာ အသိုင်းအဝိုင်းမှာ နာမည်ကျော်ကြား ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ အနုပညာအလုပ်တွေကိူခေတ္တရပ်နားခဲ့ပေမယ့်ဘအခုချိန်မှာပြန်လည်လုပ်ကိုင်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်လာတာတွေ့ရပါတယ်။ လက်ရှိမှာတော့ Single Motherအဖြစ်နဲ့ ရပ်တည်ကာ သမီးလေး နဲ့အတူ အေးချမ်းတည်ငြိမ်စွာနေထိုက်နေသူတစ်ယောက်ပါ။ သူမအနေနဲ့ အနုပညာအလုပ်တွေသာမက စီးပွားရေးကိုလည်း ပူးတွဲ လုပ်ကိုင်လျက်ရှိပြီး သမီးလေးကိုလည်းအချိန်ရရင်ရသလို ဂရုတ စိုက်နဲ့စောင့်ရှောက်နေတာကြောင့် အရမ်းကို စိတ်ဓာတ်ခိုင်မာတဲ့မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ လတ်တလောမှာတော့ သူမရဲ့ ချစ်သူအသစ်ရရှိခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေမှုတွေကို “ရောင်းတမ်းမဟုတ်ပါဘူးရှင်။ ခုသတင်း ဖြစ်နေတဲ့ ဂျိုးနဲ့ပက်သက်လို့တင်ထားတဲ့ပို့စ်ကို ဂျိုးလည်းပြန်သိတဲ့အခါကျတော့အမှန်တကယ်ဂျိုးရည်ရွယ်တာက အခုလိုမျိုးဒုတိယအကြိမ် ကိုဗစ်ကပ်ဆိုးရောက်နေတဲ့ အချိန်ကာလမှာ အလုပ်လုပ်မယ်လို့အားယူထားပြီးမှအခုထပ်ဖြစ်ပြန်ပြီဆိုပြီးလူတွေအာရုံနောက်နေ စိတ်ထွေပြားနေတဲ့ကာလတစ်ခုမှာ ဒီသတင်းတစ်ခုဖြစ်ခဲ့ရတာကို ဂျိုးကိုချစ်တဲ့သူတွေအတွက် အရမ်းအားနာမိပါတယ်။

လူတွေအားလုံးကဘဝရပ်တည်ချက်တွေအတွက်စိတ်ရှုပ်ထွေးပြီး စိတ်ပျက်နေတဲ့ အချိန်မှာ ဘာမဟုတ်တဲ့ဒီအကြောင်းအရာတခုက သတင်းတခုဖြစ်ခဲ့ရတာကို အားနာမိတာပါအဲ့လိုလည်း တကယ်တော့မဖြစ်စေချင်ဘူး ဒါနဲ့ပက်သက်လို့ ရှင်းတာတွေလင်းတာတွေနဲ့လည်း မရှုပ်ထွေးစေချင်ဘူး ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေမျိုးမှာမို့လို့ပါ ။နောက်ပြီးတော့ အဲ့အကောင့်ကနေ ဖော်ပြထား ခံရသလိုမျိုး သူနဲ့ဂျိုးနဲ့ကဘယ်လိုပက်သက်ပါတယ် မပက်သက်ပါဘူး ဆိုတာကို ဂျိုးအနေနဲ့ဝန်ခံဖို့ မလိုသလို ဒါကြီးကမဟုတ်ပါဘူးလို့ ငြင်းနေရမယ့် အချိန်ခါလည်းမဟုတ်ပါဘူး

အဲ့အချိန်ခါကို မရောက်သေးဘူး ဂျိုးတို့အာရုံစိုက်နေရတဲ့ကိစ္စက ဒီကပ်ရောဂါနဲ့ ကင်းဝေးဖို့ရယ် ဘဝရပ်တည်ချက်အတွက် ပုံမှန်ဘဝတွေကို ပြန်လည်သွားနိုင်ဖို့ခွန်အားကိုမွေးမြူရတဲ့ အချိန်ခါဖြစ်လို့ ဒီလိုရှုပ်ထွေးပြီး ပရိသတ်မျက်စိစပါးမွေးစူးစေမယ့် မျက်စိနောက်စေမယ့် အပြန်အလှန်အငြင်းအခုံတွေကို တတ်နိုင်ရင် ဂျိုးမလုပ်ချင်ပါဘူး ။ ဒါပေမယ့်လည်း အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် ဟိုစာရေး ဆရာဘက်ကိုလည်း သို့လောသို့လောဖြစ်စေနိုင်လောက်တဲ့ အရေးသားတွေကလည်းရှိနေတယ် ။ဥပမာ အဲ့အကောင့်ကဖော်ပြထားတဲ့ ချစ်သူသက်တမ်း၂နှစ်တောင်ရှိပြီတဲ့ သူအိမ်ထောင်ကွဲတာဘယ်လောက်ကြာပြီလဲ သိကြလားဆိုတဲ့ အရေးအသားတွေက ဂျိုးတို့၂ယောက်ရဲ့ သိက္ခာအတွက် အထင်အမြင် မှားစေနိုင်တဲ့ အရေးအသားတွေ ဖြစ်နေတာကြောင့်ခုလိုရှင်းရတာပါ ။

စာရေးဆရာရဲ့ ၂နှစ်မြောက်နှစ်ပတ်လည် သို့ဆိုတာက ဂျိုး တို့ပြန်တွေ့တဲ့ ၂နှစ်မြောက်ကို ဆိုလိုချင်တာပါ ချစ်သူသက်တမ်းရယ်လို့ပြောတာမဟုတ်ပါဘူး ဂျိုးတကယ် အိမ်ထောင်ကွဲတဲ့နှစ်က၂၀၁၆ခုနှစ်ကဖြစ်ပြီး စာရေးဆရာကို facebook မှာ friendအဖြစ်လက်ခံတဲ့ ၂၀၁၈ခုနှစ်က ဂျိုးကွာရှင်းဖို့တရားရုံးမှာအမှု့ရင်ဆိုင်နေတဲ့ အချိန် အမိန့်ခေါ်ခါနီးနားတောင်ရောက်နေပါပြီအခုလိုလူတွေ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ ဂျိုးရှင်းပြရတာလည်း အားနာလှပါတယ်။စာရေးဆရာကတော့ပြောပါတယ် မင်းက sold out ရအောင် ရောင်းတမ်းမှမဟုတ်တာ တဲ့ သူကတော့ရယ်ရယ်မောမောပါပဲ ။ဂျိုးချစ်တဲ့သူများ covid ကပ်ရောဂါ ဒုတိယလှိုင်းကိုလည်း ပထမလှိုင်း ကဲ့သို့ အဆုံးရှူံးနည်းနည်းနဲ့ အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ ”ဆိုတဲ့ စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

credit