Celebrities

အသက် (၄၀) ကျော်အရွယ်လို့ ထင်ရက်စရာမရှိအောင်ကို နုပျိုလွန်းတဲ့ ခိုင်သင်းကြည်

မပွတ်ကျွတ်ဆိုတဲ့ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ခိုင်သင်းကြည်ဟာ နောက်လ (၂၇) ရက်နေ့မှာ အသက် (၄၉) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ဒီအသက်အရွယ်ဆိုတာကို မှတ်ပုံတင်တောင်းကြည့်ရလောက်အောင် နုပျိုလွန်းတဲ့ မခိုင်လေးရဲ့ လျို့ဝှက်ချက်ကတော့ ကျန်းမာရေးလိုက်စားပြီး ဘာသာတရားလည်းကိုင်းရှိုင်းသလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ အေးချမ်းနေတာကြောင့်ပါပရိသတ်ကြီးရေ။

ဒီအသက်အရွယ်ထိ နောက်တက်လူငယ်လေးတွေနဲ့ အနုပညာအလုပ်တွေတွဲလုပ်နိုင်သေးပြီး သူမရဲ့နုပျိုမှုတွေဟာ အသက် (၂၀) ကျော်အရွယ်အမျိုးသမီးတစ်ယောက်နဲ့တောင် ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ချစ်စရာသမီးလေး ထိပ်ထိပ်နဲ့ဆင်တူအင်္ကျီလေးတွေ ဝတ်ရင်တောင် သားမိလို့မထင်ရဘဲ တကယ့်ကိုညီမတွေလို့ ထင်ချင်စရာပါ။

သူမကိုချစ်သလို မိသားစုကိုလည်းတန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားရပြီး ထူးချွန်ထက်မြက်တဲ့သမီးလေးကြောင့်လည်း စိတ်ပျိုကိုယ်နုနေခဲ့ပါတယ်။ ဒီအရွယ်ထိ သူမ ချစ်တဲ့အနုပညာအလုပ်တွေကို တမြတ်တနိုးလုပ်ကိုင်ရင်း အသက်ရလေ ပိုလှလေဖြစ်လာတဲ့ မခိုင်လေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အသက် (၄၀) ကျော်အရွယ်လို့ ထင်ရက်စရာမရှိအောင်ကို နုပျိုလွန်းတဲ့ ခိုင်သင်းကြည်

မပွတ်ကျွတ်ဆိုတဲ့ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ခိုင်သင်းကြည်ဟာ နောက်လ (၂၇) ရက်နေ့မှာ အသက် (၄၉) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ဒီအသက်အရွယ်ဆိုတာကို မှတ်ပုံတင်တောင်းကြည့်ရလောက်အောင် နုပျိုလွန်းတဲ့ မခိုင်လေးရဲ့လျို့ဝှက်ချက်ကတော့ ကျန်းမာရေးလိုက်စားပြီး ဘာသာတရားလည်းကိုင်းရှိုင်းသလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ အေးချမ်းနေတာကြောင့်ပါပရိသတ်ကြီးရေ။

ဒီအသက်အရွယ်ထိ နောက်တက်လူငယ်လေးတွေနဲ့ အနုပညာအလုပ်တွေတွဲလုပ်နိုင်သေးပြီး သူမရဲ့နုပျိုမှုတွေဟာ အသက် (၂၀) ကျော်အရွယ်အမျိုးသမီးတစ်ယောက်နဲ့တောင် ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ချစ်စရာသမီးလေး ထိပ်ထိပ်နဲ့ဆင်တူအကျႌလေးတွေ ဝတ်ရင်တောင် သားမိလို့မထင်ရဘဲ တကယ့်ကိုညီမတွေလို့ ထင်ချင်စရာပါ။

သူမကိုချစ်သလို မိသားစုကိုလည်းတန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားရပြီး ထူးချွန်ထက်မြက်တဲ့သမီးလေးကြောင့်လည်း စိတ်ပျိုကိုယ်နုနေခဲ့ပါတယ်။ ဒီအရွယ်ထိ သူမ ချစ်တဲ့အနုပညာအလုပ်တွေကို တမြတ်တနိုးလုပ်ကိုင်ရင်း အသက်ရလေ ပိုလှလေဖြစ်လာတဲ့ မခိုင်လေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။credit