Lifestyle

အင်းစိန် က ပိုးတွေ့လူနာ သုံးဦး ထဲ တွင် အိမ်ခြေမဲ့ တစ်ဦး ပါဝင်နေ

အင်းစိန် က ပိုးတွေ့လူနာ သုံးဦး ထဲ တွင် အိမ်ခြေမဲ့ တစ်ဦး ပါဝင်နေ

ရပ်ကွက် ကင်းတဲမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဒီနေ့ မနက် ၈ နာရီထုတ်ပြန်ချက် အရ အင်းစိန်မြို့နယ်က ကိုဗစ်အတည်ပြုလူနာ သုံးဦးပါဝင်ခဲ့ရာမှာ လူနာတစ်ဦးမှာအိမ်ခြေမဲ့ဖြစ်ပြီး လမ်းကပေးထားတဲ့ ရပ်ကွက်ကင်းတဲမှာနေထိုင်သူဖြစ်တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။လက်ရှိမှာ အတည်ပြု လူနာသုံးဦးနဲ့ ဆက်စပ်ထိတွေ့ခဲ့တဲ့ မိသားစုဝင်၁၄ ဦးရှိနေပြီး မိသားစုဝင်တွေကို အသွားအလာကန့်သတ် ထားသလို လမ်းတွေကိုလည်း ယာယီ lock down ပြုလုပ်ထားတယ်လို့ သိရပါတယ်။

“အောင်ဆန်းရပ် ကွက်က တစ်ဦးကတော့ အိမ်ခြေရာ မဲ့ပေါ့နော်။ လမ်းကပေး ထားတဲ့ ကင်းတဲမှာနေတယ် ။ မိသားစုဝင် မရှိဘူးပေါ့ ။ နောက်တစ်ယောက် ကတော့ မိသားစုဝင် ၁၀ဦးလောက်ရှိပါတယ် ။ ရွာမအနောက်မှာနေထိုင်တဲ့ လူနာကတော့ ဆိုင်တစ်ခုရဲ့ အရောင်းဝန်ထမ်းကောင်မလေးပါ ။ သူနဲ့အတူနေတဲ့ ဝန်ထမ်းလေးဦးရှိပါတယ် ။ ပိုးတွေ့လူနာတွေကတော့ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်သွားပါပြီ ။ ကျန်တဲ့သူတွေကို ကွာရန်တင်းလုပ်ဆောင်ဖို့ကတော့ တိုင်းကျန်းမာရေး ရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ် ‘လို့ အင်းစိန်မြို့နယ်၊ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ် ။

ပိုးတွေ့လူနာ ၃ဦးကတော့ လူနာ အမှတ် ၇၄၀၊ ၇၄၂ နဲ့ရ၄၃ တို့ဖြစ်ကြပြီး လူနာအမှတ် ၇၄၀ ကတော့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရွာမအနောက် ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးမှာ နေထိုင်သူဖြစ်ပါတယ်။ လူနာအမှတ် ၇၄၂နဲ့ ၇၄၃ ကတော့ အသက် ၂၅ နှစ်အရွယ် နဲ့ ၄၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြပြီး အောင်ဆန်း ရပ်ကွက်၊ သစ္စာဝါဒီလမ်းမှာနေထိုင်သူတွေ လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ပိုးတွေ့လူနာသုံးဦးနေထိုင်တဲ့ အင်းစိန်မြို့နယ် ၊ ရွာမအနောက်ရပ်ကွက် နဲ့ အောင်ဆန်းရပ်ကွက်က လမ်းတွေကို အသွားအလာကန့်သတ်ထားလိုက်ပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေးအသင်းတို့က ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာသစ် ၁၆ ဦးရှိခဲ့ ပါတယ်။ အဆိုပါ လူနာ ၁၆ ဦးထဲက အင်းစိန် မြို့နယ်က လူနာ ၃ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်း မရှိခဲ့သလို ရခိုင်ပြည်နယ်အတွင်း ရောဂါဖြစ်ပွားရာ ဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ် လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။credit