Knowledge

အရှေ့တောင် အာရှ၏ အထည် ချုပ် လုပ်ငန်း များ တွင် လွှမ်းမိုး ထားနိုင် တဲ့ မြန်မာ

မြန်မာနိုင်ငံ သည် အရှေ့တောင် အာရှ၏ အထည်ချုပ်လုပ်ငန်း များတွင် လွှမ်းမိုးထား နိုင်ကြောင်းတွေ့ရှိရဟု Country Risk and Industry Research အစီရင်ခံ စာဆို မြန်မာ့အထည်ချုပ်လုပ်ငန်းသည် နှစ်အနည်းငယ် အတွင်း တိုးတက်လာကာနိုင်ငံ၏စီးပွားရေး တွင် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်

ယင်းအပြင် လန်ဒန် အခြေစိုက် သုတေသန အဖွဲ့တစ်ခုဖြစ်သည့်Fitch Solutions မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ လုပ်ငန်းသည် အထည်ချုပ်လုပ်ငန်းရှင် များအတွက် အရေးပါသော မျှော်မှန်းချက်တစ်ခုဖြစ်ကြောင်းဝန်ကြီးဌာနက ပြောသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၄ တွင် ထုတ်ပြန် ခဲ့သည့် Country Risk and Industry Research အစီရင်ခံစာ အရမြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အထည်ချုပ်လုပ်ငန်း များတွင် လွှမ်းမိုးထားနိုင် ကြောင်းသိရသည်။

ကမ္ဘာကျော် တံဆိပ်များဖြစ်ကြသည့် Adidas ၊ Gap ၊ H&M နှင့် Marks & Spencer အစ ရှိသည် တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိ ကာသာလွန်သော အလုပ်အကိုင် အခြေ အနေများနှင့် လုပ်ခလစာသက်သာမှုများကြောင့်များပြားလှစွာသော လုပ်ငန်းရှင်များက မြန်မာနိုင်ငံကို ရွေးချယ်လာမည်ဟု လည်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာ့အထည်ချုပ် သည် ပြည်ပသို့ ယခင်ထက် ၁၀ဆ ကျော်တိုးပို့လာနိုင်သည့် အနေအထားတွင်ရှိနေသည်။

လက်ရှိ အစိုးရတာဝန် စယူချိန်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ ထုတ်လုပ် မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ နှင့် ယင်းကဏ္ဍအတွက် အလုပ်အကိုင် ၄ သိန်းခန့်ဖန်တီးပေး ထားမှုမှနောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်းများ တိုးတက်လာသည့်အတွက်အလုပ်သမား ၆ သိန်းခန့်အထိ ဖန်တီးပေးလာ နိုင်သည့်အပြင် အထည်ချုပ် လုပ်ငန်း(CMP)၏ ထုတ်လုပ်မှုတန်ဖိုးမှာလည်း ၄ နှစ်အတွင်း ဆယ်ဆတိုးလာကာယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်အထိ တိုးတက် လာမယ့် အခြေ အနေတွင် ရှိနေကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောဆို ထားသည်။

မြန်မာနိုင်ငံဆိုင်ရာဥရောပ သမဂ္ဂရုံးကလည်း မြန်မာ့ အထည်ချုပ်ကဏ္ဍ အဆင့်ပိုမြင့်ရေးအပြည့်အဝ ကူညီပေးမည်ဟု ဇူလိုင်လက ကတိပြုကြေညာ ထားပြီးဖြစ်သည်။

#credit