Lifestyle

လူကုန်ကူးခံရပြီး တရုတ်နိုင်ငံသားနဲ့ လက်ထပ်ထားရတဲ့ မြန်မာမိန်းကလေး(၁၀) ဦး ကယ်သူမဲ့ဖြစ်နေ

လွန်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ (၈)လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲ့ကျေးရွာအုပ်စုထဲက ကျောင်းနေရွယ် ကလေးငယ်အပါအဝင် အမျိုးသမီး (၁ဝ)ဦး တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံခဲ့ရတယ်လို့ မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ(TNP)ဆီက သိရပါတယ်။လူကုန်ကူးခံရတဲ့ ကလေးငယ်တွေထဲမှာ ကျောင်းသူတွေဖြစ်တဲ့ (၁၂)နှစ် ၁ ဦး၊ (၁၆)နှစ် ၃ ဦး၊ (၁၇)နှစ် ၄ ဦး၊ (၂ဝ)နှစ် ၁ ဦးနဲ့ (၂၁)နှစ် ၁ ဦး စုစုပေါင်း (၁ဝ)ဦး လူကုန်ကူးခံရတာ ဖြစ်ပါတယ်။

၎င်းအမျိုးသမီးဟာ လူကုန်ကူးခံရတဲ့ မိသားစုဝင်တွေကို လစာငွေဆိုပြီး ၁၉ သိန်း၊ သိန်း ၂ဝ၊ သိန်း ၃ဝ ပေးထားတယ်လို့ သိရပါတယ်။“ပိုက်ဆံတွေ ဒီလိုရတယ်ပေါ့။ နောက်ထပ် လာချင်တဲ့သူတွေ လာလို့ရတယ်လို့ပြောတော့ ရွာကလူတွေလည်း သွားချင်ကြတာလေ။ သွားလိုက်ကြတာ။ သူဟိုမှာရောင်းတာ တစ်ယောက်ကို ယွမ်နှစ်သောင်း(မြန်မာငွေ သိန်း ၄ဝ)ရတယ်လို့ ကြားတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။လူကုန်ကူးခံရသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။မိသားစုဝင်တွေဟာ မိုင်းကိုင်မြို့နယ် TNP ပါတီရုံးမှာ အကူအညီ လာရောက်တောင်းခံကြတာ ဖြစ်ပါတယ်။အဆိုပါ လူကုန်ကူးခံရတဲ့ အမျိုးသမီး(၁ဝ)ဦးဟာ တရုတ်နိုင်ငံအတွင်းရှိ အာဟွေဆိုတဲ့မြို့မှာ တရုတ်တွေနဲ့ လက်ထပ်နေထိုင်နေရကြောင်း၊ အချို့မှာ သက်ကြီးပုဂ္ဂိုလ်တွေနဲ့ လက်ထပ်ယူထားရကြောင်း၊ လူကုန်ကူူးခံရတဲ့ မိန်းကလေးတွေဟာ မိုင်းကိုင်ရှိ အသိမိတ်ဆွေတွေကို ဖုန်း၊ Wechat ကနေတစ်ဆင့်အဆက်အသွယ်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဟိုခဲ့ကျေးရွာအုပ်စုထဲမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တအာင်းသံဃာတော်များအဖွဲ့ ဦးစီးဦးဆောင်ပြီး ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်ထားခဲ့ပြီးနောက် အဲဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ချို့ဟာ လူကုန်ကူးခံရတဲ့အထဲ ပါဝင်နေပါတယ်။ဆက်လက်ပြီး မိုင်းနုမ်ဟန်က “အချို့က ကလေးမွေးပြီ။ အချို့က ဗိုက်ကြီးနေတယ်။ ဟိုတစ်လောမှ တစ်ယောက်က မွေးတာ။ သူကတော့ ကလေးတအားငယ်တော့ မပြန်ချင်သေးဘူးတဲ့။ ကလေးနည်းနည်းကြီးမှ ပြန်ချင်တယ်တဲ့။ နောက်တစ်ယောက်ကတော့ ယောကျာ်းနဲ့ သဘောၤလိုက်နေရတယ်။ အကုန်လုံးက ပြန်ချင်နေကြတယ်” လို့ ဆိုပါတယ်။အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် TNP အနေနဲ့ တောင်ကြီးမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို အကူအညီတောင်းထားပြီး ပါတီနဲ့တွေ့ဆုံပြီး ဆောင်ရွက်သွားဖို့ရှိတာကြောင့် အသေးစိတ်ကိုတော့ ဆောင်ရွက်ချိန်မှာ ပြန်လည်ဆက်သွယ်လာမယ်လို့ တောင်ကြီးမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

credit