Celebrities

အနုပညာလောက ကနေအချိန်အတော်ကြာ ပျောက်ကွယ်နေပြီးမှ ပရိသတ်ရှေ့ထပ်မံ ရောက်ရှိ ခဲ့တဲ့ချမ်းမီမီကို

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို ဟာ အိမ်ထောင်မပြုခင်အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပါ။ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပြီး ပရိသတ်နဲ့နှစ်ပေါင်းများစွာ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ် ။

လတ်တလောမှာတော့ ချမ်းမီမီကိုတစ်ယောက် သူမရဲ့ဖေ့ဘုတ်စ်အကောင့်ကနေတဆင့် ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နေပြီဖြစ်ပါတယ် ။ ချစ်သောသူများ အားလုံး အထူးကျေးဇူးတင်ရှိပါတယ် မချစ်သောသူများလည်းကျေးဇူးတင်ရှိပါသည် ချစ်သောသူများရဲ့ မေတ္တာဓာတ်ကို ကျွန်မရရှိသလို မချစ်သောသူများမှရရှိတဲ့ ခန္ဒီ မူလမာန်ကိုချ ဒေါသကို ပါယ် နိဗ္ဗာန် လွယ်၏ သည်းခံခြင်းတရားရရှိသောကြောင့် ချစ်မချစ် သူများသာလျှင် ကျွန်မ၏ ကျေးဇူးရှင်များဖြစ်သည် အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင့် ဆိုတဲ့စာသားလေးကိုရေးသားထားတာလည်းတွေ့ရပါတယ် ။

 

ချမ်းမီမီကို တစ်ယောက် အနုပညာအလုပ်တွေ နှစ်ပေါင်းအတော်ကြာရပ်နားခဲ့ပေမယ့် ပရိသတ်တွေကတော့ သူမကို ခုချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။ သူမ ဟာ လက်ရှိမှာ ဘုရားတရား အရမ်းလုပ်ပြီး ပရိသတ်တွေအတွက် သူမ သိရှိနားလည်ထားတဲ့ တရား ဓမ္မတွေကိုလည်း မျှဝေပေးနေတာတွေ့ရပါတယ် ။

Source : Chan Mi Mi Ko
Emily (Cele Gabar)