Celebrities

ချစ်သူသက်တမ်း (၁၀) လပြည့်သွားပြီဖြစ်တဲ့ ခိုင်နှင်းဝေ တို့ စုံတွဲ

ပရိသတ်ကြီးရေ ပရဟိတ အလုပ်တွေကို လုပ်ကိုင်ရင်း ပြည်သူတွေရဲ့ အချစ်တွေကို အပြည့်အ၀ ရရှိထားတဲ့ မင်းသမီးကတော့ ခိုင်နှင်းဝေပါ ။ သူမရဲ့ချစ်သူ ဖြစ်တဲ့ ကိုစုလို့ချစ်စနိုးနဲ့ခေါ်ရတဲ့ ဇင်မြင့်အောင် ကလည်း သူမနဲ့အတူ ပရဟိတ အလုပ်တွေကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မ နဲ့မောင် စုံတွဲလေး ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အရိပ်တကြည့်ကြည့်ချစ်ကြတဲ့ စုံတွဲတွေ ဆိုတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ ခိုင်နှင်းဝေ နဲ့အတူ ပရဟိတ တွေ စိတ်တူကိုယ်တူ လုပ်ဆောင်ရင်း သူမရဲ့ သမီးလေး ရွှန်းရွှန်း ကိုလည်း ဖခင်အရင်းတစ်ယောက်လို ချစ်ခင် ကြင်နာတတ်တဲ့ ချစ်သူကြောင့် သူမ က အမြဲ ပျော်ရွှင်ပြီး စိတ်ချမ်းသာရကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မကြာခဏ ရေးသားဖော်ပြလေ့ရှိပါတယ် ။

ဒီနေ့လေးကတော့ ကိုစုနဲ့ ခိုင်နှင်းဝေ တို့ရဲ့ချစ်သူ သက်တမ်း (၁၀) လပြည့်အထိမ်းအမှတ်နေ့လေးဖြစ်ပါတယ် ။ Anniversary အထိမ်းအမှတ်နဲ့ သူမတို့ချစ်သူနှစ်ယောက် စားသောက်ဆိုင်လေးတစ်ခုမှာ ဒိတ်နေကြတဲ့ ဗီဒီယိုလေးကို ခိုင်နှင်းဝေ က သူမရဲ့မိုင်ဒေးမှာလည်း တင်ထားတာဖြစ်ပါတယ် ။ ခိုင်နှင်းဝေတို့ချစ်သူနှစ်ယောက် (၁၀) လမှာသည် သက်ဆုံးတိုင် ရိုးမြေကျ လက်တွဲသွားနိုင်ကြပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Khine Hnin Wai
Emily (Cele Gabar)