Celebrities

လူမှုကွန်ရက်ပေါ်မှာ ထင်ပေါ်ကျော်ကြားလိုစိတ်ကြောင့် အမှုရင်ဆိုင်ခဲ့ရသူ

ဟိုးအရင်တစ်ချိန်တုန်းက… သိန်းပေါင်းများစွာ အကုန်ကျခံပြီး ရိုက်ကူးထုတ်လုပ်ထားရတဲ့ ရုပ်ရှင်ဗွီဒီယိုခွေတွေ၊ သီချင်းခွေတွေ ရဲ့ထုတ်လုပ်သူတွေ အကြောက်ခဲ့ရဆုံးကိစ္စကတော့ ငွေကြေးကုန်ကျမများတဲ့ ခိုးကူးခွေတွေနဲ့ သူတို့အနုပညာကို အားပေးခြင်းပါ။ ယနေ့ခေတ် လူတိုင်းလက်ထဲ ဖုန်းတွေလွယ်ကူစွာကိုင်နိုင်နေတဲ့အချိန်မှာတော့ ခိုးကူးခွေကိစ္စတွေက ရေပန်းမစားတော့ဘဲ လူမှုကွန်ရက်ပေါ်မှာ ပေါ်ပေါ်ထင်ထင်ကို မျှဝေနေကြတာတွေ့ရမှာပါ။

မြန်မာရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေကိုတော့ Mahar, Cookie , Viu စတဲ့ Application တွေက ပြသခွင့်ဝယ်ယူကာ မျှဝေပေးထားတာမို့ ငွေကြေးအနည်းငယ်သာသုံးပြီး တရားဝင်ကြည့်ရှုနိုင်ပါတယ်.. ဒါပေမယ့် မကြာခဏဆိုသလို လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ကူးယူမျှဝေနေသူတွေကို တွေ့ရမှာပါ။ ဒါတွေဟာ တရားမဝင်ကြောင်း၊ ဥပဒေနဲ့ အညီထောင်ချပစ်လို့ရကြောင်းကိုတော့ လတ်တလောအမှုရင်ဆိုင်နေရသူ မောင်အာကာထက်မိုးရဲ့ဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။

သူကတော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကား ” ရွှေကြာ” ကို မဟာ ရုပ်သံလိုင်းက ထုတ်ကာ တရားမဝင်မျှဝေခဲ့ပြီး သူများအကျိုးစီးပွားကို ပျက်စီးစေခဲ့တာကြောင့် ၆၆(ဂ)နဲ့ တရားရင်ဆိုင်နေရပါတယ်။ မိဘတွေလည်း စိတ်ဆင်းရဲခဲ့ရပြီး တရားလိုဘက်က သနားညှာတာစွာနဲ့ အမှုကို ပြန်ပိတ်ခဲ့တာကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတရားစွဲလို့ရတယ်ဆိုတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တရားဥပဒေက ညှာတာနေမှာမဟုတ်ကြောင်းနဲ့ သားငယ်လိုအမှားမျိုး ဘယ်သူမှ ထပ်မမှားရအောင် ဖခင်ဖြစ်သူဦးလွှမ်းမိုးကတော့ ဗွီဒီယိုလေးနဲ့ပြောကြားခဲ့ပါတယ်။

ကိုယ့်သားသမီးကို ချစ်တယ်ဆိုရင် တားပေးကြပါ…

ကိုယ့်သားသမီးကို ချစ်တယ်ဆိုရင် တားပေးကြပါ…မြန်မာရုပ်ရှင်ဇာတ်ကားများအား ခွင့်ပြုချက်မရှိဘဲ Facebook စာမျက်နှာပေါ်တွင် တင်ခဲ့သည့်အတွက် ဥပဒေပုဒ်မ ၆၆(ဂ) နဲ့ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပါတယ်။ပတ်ဝန်းကျင်နှင့် လူမှုကွန်ယက်စာမျက်နှာမှာထင်ပေါ်ကျော်ကြားလိုသော ဆန္ဒနှင့်ဖြစ်စေအပျော်အပျက်သဘောမျိုးနှင့်ဖြစ်စေ ပြုလုပ်ခြင်းဟာ တစ်ပါးသူ၏အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေသည့်အတွက် တရားဥပဒေအရ အပြစ်ပေးခြင်းခံရမှာဖြစ်ပြီး မသိလို့လုပ်မိတဲ့ အမှားတစ်ခုကြောင့် ဒုက္ခတွေအများကြီးရောက်ခဲ့ရကြောင်းကိုလည်းတရားခံရဲ့ ဖခင်ဖြစ်သူက အခုလိုပဲ ပြောပြခဲ့ပါတယ်။#CGAds

Posted by Cele Gabar on Friday, August 28, 2020

Rainbow- Cele Gabar

#credit