Lifestyle

ဆင်းရဲ လွန်းသော်လည်း လူ့အသက် နှစ်ထောင်ခန့်ကို ကယ်တင် လိုက်နိုင်တဲ့ သားအဖ

Zawgyi

အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမား ဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်းအားဖြတ်ကူးစဉ် မိုးသည်းထည်စွာ ရွာသွန်းမှုကြောင့်

မြေပြိုကျပြီး ရထားလမ်း ပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည် ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်း မဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည်

၎င်းတို့၏အကျများကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်း သိရသည် အဆိုပါသားအဖ၏ သူရဲကောင်းဆန်သည့် လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီး တစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည် သူတို့သားအဖသာ

ရထားကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ ကျွန်တော်ဒါကို သိရတဲ့အခါ သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူ နံနက်စာစားခဲ့ပါတယ် ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန် ကပြောကြားခဲ့သည်

ရထားပေါ်တွင် ခရီးသည် ဦးရေနှစ်ထောင်ခန့် ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့ သားအဖသာ ရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွား သွားမည်မှာ အမှန်ပင်ဖြစ်သည်

ဆွာပန်တို့သားအဖ အား ဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုးရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည် ဆွာပန်နှင့်၎င်း၏ မိသားစုမှာ အလွန်ပင် ဆင်းရဲသောကြောင့်

အဖွဲ့အစည်းပေါင်းများစွာ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်း ကူညီပံ့ပိုးပေးနေကြသည့် အပြင် အနီးရှိဘူတာရုံ တစ်ရုံအား သူ၏နာမည်နှင့် ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြားသိရပါသည်။ ခရက်ဒစ်

Unicode

အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမား ဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်းအားဖြတ်ကူးစဉ် မိုးသည်းထည်စွာ ရွာသွန်းမှုကြောင့်မြေပြိုကျပြီး ရထားလမ်း ပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည် ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်း မဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည်

၎င်းတို့၏အကျများကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်း သိရသည် အဆိုပါသားအဖ၏ သူရဲကောင်းဆန်သည့် လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီး တစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည် သူတို့သားအဖသာရထားကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ ကျွန်တော်ဒါကို သိရတဲ့အခါ သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူ နံနက်စာစားခဲ့ပါတယ် ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန် ကပြောကြားခဲ့သည်

ရထားပေါ်တွင် ခရီးသည် ဦးရေနှစ်ထောင်ခန့် ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့ သားအဖသာ ရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွား သွားမည်မှာ အမှန်ပင်ဖြစ်သည်ဆွာပန်တို့သားအဖ အား ဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုးရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည် ဆွာပန်နှင့်၎င်း၏ မိသားစုမှာ အလွန်ပင် ဆင်းရဲသောကြောင့်အဖွဲ့အစည်းပေါင်းများစွာ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်း ကူညီပံ့ပိုးပေးနေကြသည့် အပြင် အနီးရှိဘူတာရုံ တစ်ရုံအား သူ၏နာမည်နှင့် ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြားသိရပါသည်။ခရက်ဒစ်