Celebrities

BLACK PANTHER မင်းသားဘို့စ်မန်း ကင်ဆာရောဂါကြောင့်ကွယ်လွန်

Zawgyi

Black Panther ရုပ်ရှင်မင်းသား ချတ်ဒ်ဝစ်ခ် ဘို့စ်မန်းဟာ အသက် ၄၃ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။ ဘို့စ်မန်းရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဩဂုတ် ၂၈ ရက်က သူကွယ်လွန်သွားကြောင်း သတင်းကို ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

ကွယ်လွန်ချိန် သူ့ဘေးနားမှာ ဇနီးဖြစ်သူနဲ့ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနေခဲ့ကြပါတယ်။ ဘို့စ်မန်းဟာ အူမကြီးကင်ဆာ ရောဂါကို ၂၀၁၆ ကတည်းက ခံစားနေခဲ့ရပါတယ်။ ဘို့စ်မန်းဟာ ရောဂါဆိုးကို ရဲရဲရင့်ရင့် အံတု တိုက်ခိုက်ခဲ့ကြောင်း၊ အခက်အခဲတွေကြားမှာ

ရှေ့ဆက်သွားရင်း ပရိသတ်တွေ သဘောကျ ကျေနပ်စေမယ့် ရုပ်ရှင်တွေ အများကြီးကို ဆောင်ကြဉ်း ရိုက်ကူးပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘို့စ်မန်းဟာ ခွဲစိတ်မှုတွေ၊ ဓာတ်ရောင်ခြည် ကုထုံးတွေ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ခံယူနေရင်းနဲ့

Marshall၊ Da 5 Bloods၊ Ma Rainey’s Black Bottomတို့ အပါအဝင် ရုပ်ရှင် တချို့ကို ရိုက်ကူးခဲ့ကြောင်းလည်း သိရပါတယ်။ ဘို့စ်မန်းရဲ့ အအောင်မြင်ဆုံး ဇာတ်ရုပ် တစ်ခုကတော့ အာဖရိကတိုက်က စိတ်ကူးယဉ် နိုင်ငံတစ်ခုရဲ့ ဘုရင်စူပါဟီးရိုး

Black Pantherပဲ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ကတော့ ဘို့စ်မန်းရဲ့ အနုပညာရှင် ဘဝမှာ ဂုဏ်အယူဆုံး မှတ်တိုင်တစ်ခု ဖြစ်ခဲ့ကြောင်း မိသားစုရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Unicode

Black Panther ရုပ်ရှင်မင်းသား ချတ်ဒ်ဝစ်ခ် ဘို့စ်မန်းဟာ အသက် ၄၃ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။ ဘို့စ်မန်းရဲ့ တရားဝင် Twitter စာမျက်နှာမှာ ဩဂုတ် ၂၈ ရက်က သူကွယ်လွန်သွားကြောင်း သတင်းကို ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

ကွယ်လွန်ချိန် သူ့ဘေးနားမှာ ဇနီးဖြစ်သူနဲ့ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနေခဲ့ကြပါတယ်။ ဘို့စ်မန်းဟာ အူမကြီးကင်ဆာ ရောဂါကို ၂၀၁၆ ကတည်းက ခံစားနေခဲ့ရပါတယ်။ ဘို့စ်မန်းဟာ ရောဂါဆိုးကို ရဲရဲရင့်ရင့် အံတု တိုက်ခိုက်ခဲ့ကြောင်း၊ အခက်အခဲတွေကြားမှာရှေ့ဆက်သွားရင်း ပရိသတ်တွေ သဘောကျ ကျေနပ်စေမယ့် ရုပ်ရှင်တွေ အများကြီးကို ဆောင်ကြဉ်း ရိုက်ကူးပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘို့စ်မန်းဟာ ခွဲစိတ်မှုတွေ၊ ဓာတ်ရောင်ခြည် ကုထုံးတွေ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ခံယူနေရင်းနဲ့

Marshall၊ Da 5 Bloods၊ Ma Rainey’s Black Bottomတို့ အပါအဝင် ရုပ်ရှင် တချို့ကို ရိုက်ကူးခဲ့ကြောင်းလည်း သိရပါတယ်။ ဘို့စ်မန်းရဲ့ အအောင်မြင်ဆုံး ဇာတ်ရုပ် တစ်ခုကတော့ အာဖရိကတိုက်က စိတ်ကူးယဉ် နိုင်ငံတစ်ခုရဲ့ ဘုရင်စူပါဟီးရိုးBlack Pantherပဲ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ကတော့ ဘို့စ်မန်းရဲ့ အနုပညာရှင် ဘဝမှာ ဂုဏ်အယူဆုံး မှတ်တိုင်တစ်ခု ဖြစ်ခဲ့ကြောင်း မိသားစုရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။credit