Celebrities

ကိုနန္ဒရဲ့ထောပတ်ထမင်းလက်ရာမှာ မျောသွားကြတဲ့ နှင်းဆီအဖွဲ့ဝင်တွေ

ပရိသတ်တွေကို နှင်းဆီ Unplugged ဆိုပြီးဖျော်ဖြေပွဲလုပ်ဖို့အတွက် တိုင်ပင်နေကြတဲ့ နှင်းဆီပွင့်တွေဆီကို ညီနန္ဒတစ်ယောက် အင်အားဖြည့်ဖို့ ထောပတ်ထမင်းတွေ လက်ဆောင်သွားပေးခဲ့ပါတယ်။ အနုပညာအလုပ်တွေ အရင်ကလောက်အများကြီး မလုပ်ရတော့တဲ့အခိုက်မှာ ကိုယ့်လက်ရာလေးကိုယ် ယုံကြည်မှုရှိရှိနဲ့ကြိုးစားခဲ့တာကြောင့် အခုဆိုရင် အတော်လေးအဆင်ပြေတဲ့ အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။

ဖျော်ဖြေတင်ဆက်မှုတစ်ခုမှာ အလွဲလေးဖြစ်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့် အားလုံးကိုပြန်ပြီးတောင်းပန်ခဲ့ ပါတယ်။ ဒီနောက်မှာတော့ အိမ်စီးပွားရေးဖြစ်တဲ့ ထောပတ်ထမင်းကိုပဲ အရင်ကထက်ပိုအားစိုက်ပြီးကြိုးစားတဲ့အချိန်မှာတော့ မိသားစုကို ပိုပြီးပြည့်ပြည့်စုံစုံထားနိုင်တဲ့ အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ ချစ်ခင်ရတဲ့ အနုပညာရှင်တွေကိုလည်း ထောပတ်ထမင်းလေးတွေ မကြာခဏဆိုသလို လက်ဆောင်ပေးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း နှင်းဆီအဖွဲ့ဝင်တွေကို ထောပတ်ထမင်းလက်ဆောင်လာပေးခဲ့ပြီး အရသာကောင်းတဲ့ ထောပတ်ထမင်းပုံလေးတွေကို ” ကိုနန္ဒရဲ့ထောပတ်ထမင်းလေး ဒီနေ့တော့ ဆွဲပြီဗျာကျေးဇူးပါဗျိုး အရသာက တကယ်ကြီးရှယ်ဗျာ ” ဆိုပြီး ထွန်းထွန်းက ပုံလေးတွေ တင်ခဲ့ပါတယ်။ မြင်လိုက်တာနဲ့တင်ကို စားချင်စဖွယ်ဖြစ်လွန်းတာတော့ ချက်ပြုတ်သူရဲ့စေတနာကြောင့်ဆိုတာ သိသာပါတယ် ပရိသတ်ကြီးရေ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုနန္ဒရဲ့ထောပတ်ထမင်းလက်ရာမှာ မျောသွားကြတဲ့ နှင်းဆီအဖွဲ့ဝင်တွေ

ပရိသတ်တွေကို နှင်းဆီ Unplugged ဆိုပြီးဖျော်ဖြေပွဲလုပ်ဖို့အတွက် တိုင်ပင်နေကြတဲ့ နှင်းဆီပွင့်တွေဆီကို ညီနန္ဒတစ်ယောက် အင်အားဖြည့်ဖို့ ထောပတ်ထမင်းတွေ လက်ဆောင်သွားပေးခဲ့ပါတယ်။ အနုပညာအလုပ်တွေ အရင်ကလောက်အများကြီး မလုပ်ရတော့တဲ့အခိုက်မှာ ကိုယ့်လက်ရာလေးကိုယ် ယုံကြည်မှုရှိရှိနဲ့ကြိုးစားခဲ့တာကြောင့် အခုဆိုရင် အတော်လေးအဆင်ပြေတဲ့ အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။

ဖျော်ဖြေတင်ဆက်မှုတစ်ခုမှာ အလွဲလေးဖြစ်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့် အားလုံးကို ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အိမ်စီးပွားရေးဖြစ်တဲ့ ထောပတ်ထမင်းကိုပဲ အရင်ကထက်ပိုအားစိုက်ပြီးကြိုးစားတဲ့ အချိန်မှာတော့ မိသားစုကို ပိုပြီးပြည့်ပြည့်စုံစုံထားနိုင်တဲ့ အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ ချစ်ခင်ရတဲ့ အနုပညာရှင်တွေ ကိုလည်း ထောပတ်ထမင်းလေးတွေ မကြာခဏဆိုသလို လက်ဆောင်ပေးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း နှင်းဆီအဖွဲ့ဝင်တွေကို ထောပတ်ထမင်းလက်ဆောင်လာပေးခဲ့ပြီး အရသာကောင်းတဲ့ ထောပတ်ထ မင်းပုံလေးတွေကို ” ကိုနန္ဒရဲ့ထောပတ်ထမင်းလေး ဒီနေ့တော့ ဆွဲပြီဗျာကျေးဇူးပါဗျိုး အရသာက တကယ်ကြီးရှယ်ဗျာ ” ဆိုပြီး ထွန်းထွန်းက ပုံလေးတွေ တင်ခဲ့ပါတယ်။ မြင်လိုက်တာနဲ့တင်ကို စားချင်စဖွယ်ဖြစ်လွန်းတာတော့ ချက်ပြုတ်သူရဲ့စေတနာ ကြောင့်ဆိုတာ သိသာပါတယ်ပရိသတ်ကြီးရေ။credit