Celebrities

ချစ်ဇနီးလေးကိုပုံလှလှလေးထွက်အောင် ပုံစံမျိုးစုံနဲ့ဖုန်းကိုင်ကာ စိတ်ရှည်ရှည်ရိုက်ပေးနေတဲ့ နိုင်းနိုင်းရဲ့ချစ်စရာဗီဒီယိုဖိုင်လေး

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ် ။ နှစ်တွေအကြာကြီးပြောင်းလဲလာပေမယ့် မပြောင်းလဲတဲ့နုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို့ အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်နဲ့ ယောက်ျားပီသသူလည်း ဖြစ်ပါတယ် ။

နိုင်းနိုင်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေတာပဲ ဖြစ်ပါတယ်။သားတစ်ယောက်၊ သမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်း ချစ်ဇနီးလေးကို ပုံလှလှလေးတွေရအောင် ပုံစုံမျိုးစုံနဲ့ ဖုန်းကိုင်ကာစိတ်ရှည်ရှည်ရိုက်ပေးနေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ နိုင်းနိုင်းရဲ့ ချစ်တတ်မှုတွေကြည့်ပြီး ပြုံးပျော်အားကျမိတာအမှန်ပါပဲ။cele zone ပရိသတ်ကြီးတွက် နိုင်းနိုင်းတို့ဇနီးမောင်နှံရဲ့ ပုံလေးနဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Posted by Sandy Cho on Friday, August 28, 2020

(ဇော်ဂျီဖြင့်ဖတ်ရန်)

ချစ်ဇနီးလေးကိုပုံလှလှလေးထွက်အောင် ပုံစံမျိုးစုံနဲ့ဖုန်းကိုင်ကာ စိတ်ရှည်ရှည်ရိုက်ပေးနေတဲ့ နိုင်းနိုင်းရဲ့ချစ်စရာဗီဒီယိုဖိုင်လေး

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ် ။ နှစ်တွေအကြာကြီးပြောင်းလဲလာပေမယ့် မပြောင်းလဲတဲ့နုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို့ အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်နဲ့ ယောက်ျားပီသသူလည်း ဖြစ်ပါတယ် ။

နိုင်းနိုင်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေတာပဲ ဖြစ်ပါတယ်။သားတစ်ယောက်၊ သမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေ ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်း ချစ်ဇနီးလေးကို ပုံလှလှလေးတွေရအောင် ပုံစုံမျိုးစုံနဲ့ ဖုန်းကိုင်ကာစိတ်ရှည်ရှည်ရိုက်ပေးနေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ နိုင်းနိုင်းရဲ့ ချစ်တတ်မှုတွေကြည့်ပြီး ပြုံးပျော်အားကျမိတာအမှန်ပါပဲ။cele zone ပရိသတ်ကြီးတွက် နိုင်းနိုင်းတို့ဇနီးမောင်နှံရဲ့ ပုံလေးနဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။credit