Celebrities

ပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ နေလင်းကျော်ရဲ့ အဖြစ်နဲ့ ပက်သက်ပြီး သူမရဲ့ အမြင်ကို ပြောပြခဲ့တဲ့

Zawgyi

မြန်မာအိုင်ဒေါကနေ မွေးထုတ်ပေးလိုက်တဲ့ အဆိုတော် နေလင်းကျော်ကိုတော့ အားလုံးပဲ သိကြမယ်ထင်ပါတယ်နော်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရလောက်အောင် နေလင်းကျော်ကတော့ မိန်းကလေး ပရိတ်သတ် အများအပြားရရှိထားတဲ့သူပြဲဖြစ်ပါတယ်

ကိုယ်ပိုင်သီချင်းများကို သီဆိုနေပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူပါ။ အားလုံး အံ့အားသင့်ခဲ့ရတဲ့အတိုင်း နေလင်းကျော်ကတော့ ပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ပုဒ်မ (၃၇၇) နဲ့ ဖမ်းဆီး ထားပြီး၊ လာမယ့် စက်တင်ဘာလ (၄) ရက်နေ့မှာတော့ ဒေါပုံတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးမယ် လို့ သိရပါတယ်။

အဆိုပါ နေလင်းကျော် တရားစွဲခံရတဲ့ အကြောင်းနဲ့ ပက်သက်ပြီး ရင်းနှီးချင်ခင်ရတဲ့ သူငယ်ချင်း မိတ်ကပ်လင်းလင်းကတော့ သူမရဲ့ ခံစားချက်နဲ့ ပက်သက်ပြီး မီဒီယာမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ လင်းလင်း ပြောခဲ့တာကတော့ ” နေလင်းကျော်က အပြင်ပန်းကနေ ကြည့်ရင် အားလုံးကို လေးစားပြီး ခင်မင်တတ်တဲ့သူလို့ ကိုယ်ကတော့ ထင်ပါတယ်။ ကိုယ်တွေကကျ နေလင်းကျော်နဲ့ ပုခုံးဖက်ပေါင်းလာတဲ့ မိတ်ဆွေသူငယ်ချင်းတော့ မဟုတ်ဘူး။

မြန်မာအိုင်ဒေါမှာ တွေ့တဲ့အခါကျတော့ သူက အရမ်းပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်။ ရုပ်နဲ့ အသံနဲ့ကလည်း လိုက်ဖက်တယ်။ အပြင်မှာတွေ့လည်း ကိုယ်တွေက မိန်းမလျှာဖြစ်လို့ ခွဲခြားပြီး ဆက်ဆံတာမျိုး မရှိဘူး။ လေးလေးစားစား ဆက်ဆံတာမျိုးလေးတွေတော့ ရှိတယ်။ အဲ့အတွက်ကြောင့် အခုလို တရားစွဲခံရတယ်ဆိုတော့ စိတ်တော့မကောင်းဘူး။ ဘာတွေ ဘယ်လိုဖြစ်တာလဲတော့ ကိုယ်လဲ မသိဘူး။

မနေ့ညက နေလင်းကျော် တရားစွဲခံရတဲ့သတင်းကိုတွေ့တော့ ကောလဟာလပဲထင်တာ။ ပုဒ်မ ၃၇၇ နဲ့ဆိုတော့ ယောက်ျားခြင်းအိပ်မှ အဲ့ပုဒ်မမြောက်တယ် ထင်တာလေ။ အဲ့တော့ နေလင်းကျော်က ယောက်ျားခြင်း အိပ်တာမှ မဟုတ်တာဆိုတော့ ကောလဟာလပဲ ထင်ခဲ့တာ။ ကိုယ်က ဥပဒေနဲ့ ကျောင်းပြီးထားတဲ့သူမဟုတ်တော့ ပုဒ်မတွေကို ကိုယ်လည်း နားမလည်ဘူး။ အဲ့သတင်းတွေ့တော့ နေလင်းကျော် ဖုန်းကို ဆက်တော့ ဆက်လို့ မရဘူး။

အဲ့ဒါနဲ့ သီချင်းသွင်းနေလို့ ဖုန်းမကိုင်တာပဲလို့ ထင်ခဲ့တာ။ ကိုယ်ခင်ရတဲ့သူဆိုတော့ အမြဲတမ်း တိုးတက်နေတာပဲ မြင်ချင်တယ်။ အမြဲတမ်း အောင်မြင်နေတာပဲ မြင်ချင်တယ်။ ဒါကတော့ မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ ပြောတဲ့စကားပါ။ အခုလို တရားစွဲခံရတယ်ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးမေးကြည့်ချင်တယ်။ ဘယ်သူနဲ့ ဘယ်လိုတွေဖြစ်ကြတယ်လို့တော့ မသိဘူး။

ပြောချင်တာက ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ကိုယ့်လက်တွဲဖော် ရွေးချယ်တော့မယ်ဆိုရင် အများကြီး သတိထားသင့်တယ်။ ကိုယ်က တော်နေ တတ်နေလို့တော့ မဟုတ်ပေမဲ့ အပြင်လောကနဲ့ အများကြီး ဆက်ဆံပက်သက်ရတော့ လူတွေရဲ့ စိတ်ကို ၁၀၀% မဟုတ်တောင် ၇၀% နားလည်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြတယ်ဆိုတုန်းကတော့ ကောင်းတာပေါ့။ ရေစက်ကုန်လို့ လမ်းခွဲရတဲ့အခါမှာလည်း အေးအေးဆေးဆေး ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။

ဒီခေတ်က သားသမီးတွေ ရှိနေရင်တောင် ရေစက်ကုန် ကံကုန်တဲ့အခါ ကွဲကြတဲ့ခေတ်ပေါ့။ မိန်းကလေးတွေကို အမြဲတမ်း ညီအစ်မချင်းစာနာပြီး ပြောတယ်။ ကိုယ်က တကယ်ချစ်တယ်ဆိုရင်တောင် ပုံမအပ်လိုက်နဲ့…ကိုယ်က ကျူးရင်ကိုယ့်ဒူးတောင် မယုံရဘူး။ ညီအစ်ကို မောင်နှမချင်းတောင် စိတ်ဝမ်းကွဲကြသေးတာ…သူလည်း သူစိမ်း ကိုယ်လည်း သူစိမ်း ပေါင်းရမှာဆိုတော့ အများကြီး ဂရုစိုက်သင့်တယ်။

ကိုယ်က တော်နေ တတ်နေလို့ မဟုတ်ပေမဲ့ အပြင်မှာ တွေ့ကြုံနေရတဲ့ လူမှုပတ်ဝန်းကျင် အနေအထားအရ နောက်နောင် ဒါမျိုးအမှားလေးတွေ ကြည့်ပြီး မဖြစ်ရအောင်ပေါ့။ ကိုယ့်ကိုယ်ကို ဆင်ခြင်ပေါ့။ အဓိကကတော့ ဘယ်သူမပြု မိမိမှုပဲလေ…နင်ဒီကောင်လေးကို ယူရမယ်ဆိုပြီး အိမ်က ရိုက်ပေးစားနေတာလည်း မဟုတ်ဘူးလေ။

အဓိက ကိုယ်နှစ်သက်လို့ ကိုယ်တွဲတာ …ချစ်ခဲ့ကြပြီးပြီဆိုတော့ ကိုယ်နဲ့ အဆင်မပြေတဲ့အခါကျရင်လည်း မိတ်ဆွေအနေနဲ့ပဲ နေသွားရင် အားလုံးအဆင်ပြေကြမယ်လို့ ထင်ပါတယ်။

#credit