Celebrities

မေတ္တာလက်ဆောင်လာပေးကြတဲ့ ကုန်ပစ္စည်း Company တွေကို ပြတ်ပြတ်သားသား အသိပေးလာခဲ့တဲ့ အဆိုတော်ပိုပို

Zawgyi

ပရိသတ်ကြီးရေ ပိုပိုကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။

သူမအနေနဲ့ ဂီတသီချင်းအမျိုးအစား များစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကုန်ပစ္စည်းတွေတင်ပေးတာနဲ့ပတ်သက်ပြီး

“ကိုယ်တွေးနေတဲ့ပြသနာ ကို ဘယ်လိုရှင်းရမလဲတွေးနေတာ ” အနုပညာရှင်တွေက Fb ပေါ်မှာတင်ပေးရင် အနုပညာကြေး အနေနဲ့ ယူတယ်ပေါ့နော်။ လက်ဆောင်လာလာပေးတဲ့ ကုန်ပစ္စည်းတွေကလဲ။ ဒီတိုင်းလာပေးသွားကြတာပေါ့နော်။

ပိုတို့လဲ ဒီတိုင်း တင်ပေးလိုက်တော့ ဘာဖြစ်လဲ ဆိုပြီး တွေးမိသူတွေလဲ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ တို့အနုပညာရှင်တွေကို အနုပညာကြေးငွေ ပေးပြီး တင်ခိုင်းတဲ့ ကုန်ပစ္စည်း တွေ Post တွေရှိပါတယ်။

အဲ့လိုကုန်ပစ္စည်း Company တွေကို အားနာသောအားဖြင့် မေတ္တာဖြင့်ရရှိသော ဘယ်ကုန်ပစ္စည်းကိုမှ post မတင်ပေးတော့ပါဘူးရှင့် ။နားလည်ပေးပါရှင် တကယ်လို့ တင်ပေးစေချင်ရင်လဲ အနုပညာကြေး စုံစမ်း ညှိနှိုင်းနိုင်ပါတယ်ရှင့်။

အနုပညာကြေး တစ်ခု သတ်မှတ်ထားပါတယ်ရှင့်။ ပိုပို လဲ အားလဲနာပါတယ် ကျေးဇူးလဲ တင်ပါတယ်။ မာနကြီးတာလဲ မဟုတ်ပါ ဖုန်းနဲ့ပြောဖို့ကလဲ ဘယ်သူ့ကို ဆက်လို့ ဆက်ရမှန်းလဲ မသိလို့ ပါ။ ဝမ်းနည်းစွာနဲ့ ပဲ စိတ်မဆိုးဖို့ အနူးအညွန့် တောင်းပန်ပါတယ်ရှင့်။

( ကျမ မိတ်ဆွေ တစ်ချို့ ရဲ့ မုန့် လက်ဆောင်တွေကိုတော့ ကျေးဇူး အပြန်အလှန်ရှိလို့ တင်ပေးတာပါရှင့်)” ဆိုပြီးပြတ်သားစွာ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပိုပိုတစ်ယောက်ကတော့ အားနာလို့မရတဲ့ ကိစ္စဖြစ်တဲ့ အတွက် လူမှုကွန်ယက်ပေါ်ကနေ တဆင့် အားလုံးကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ။ခရက်ဒစ်

Unicode