Knowledge

စွန့်ပစ်ပစ္စည်းများနှင့် Mask များ ကုန်ပစ္စည်းများ လဲလှယ်ပေးသည့် ထူးခြားသည့် အစီအစဉ်စတင်

Zawgyi

စွန့်ပစ်ပစ္စည်းများနှင့် Mask များ ကုန်ပစ္စည်းများ လဲလှယ်ပေးသည့် ထူးခြားသည့် အစီအစဉ်စတင်။ ကိုဗစ် အကျပ်အတည်းကာလတွင် ငွေရေးကြေးရေး ကြပ်တည်းနေသူများအနေဖြင့် မိမိအိမ်ရှိ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိ

အသုံးချတတ်ရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည့် ပြုံးပြုံးလေး အမည်ရှိ စွန့်ပစ် ပစ္စည်းများနှင့် ထီ၊ စားသောက်ကုန်များ ရောင်းချ၊ လဲလှယ်ပေးသော ထီကားတွင် စွန့်ပစ်ပစ္စည်းများနှင့် Mask များ လဲလှယ်

ပေးသည့်အစီအစဉ်ကို ယနေ့စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ ထီကားတွင် ထီ၊ ကြက်ဥ၊ ပန်းသီး၊ စပျစ်သီး စသည်တို့ကို ယခုလ ၈ရက်မှစတင်ကာ ရောင်းချပေးလျက်ရှိပြီး စျေးဝယ်များ ယူဆောင်လာသည့် စွန့်ပစ်ပစ္စည်း

များကို တန်ဖိုးသင့်ပြီး ငွေပေးချေကြောင်း သိရသည်။ “ကျွန်တော်တို့ ရောင်းတာကိုတော့ ဆန္ဒရှိမှ ဝယ်လို့ရပါတယ်။ အတင်းမရောင်းပါဘူး။ နောက်ပိုင်း ကြက်သွန်၊ ဆား၊ အချိုမုန့်တို့ ထပ်တိုးထားပါတယ်။ စျေးကတော့ မြို့ပေါ်က

လက်လီစျေးထက် ပိုမရောင်းပါဘူး။ ဥပမအားဖြင့် ကြက်ဥ ၁၁၀ -၁၂၀၊ ကြက်သွန် ၁ ပိဿာ ၈၀၀၊ Mask ကိုတော့ ၁ခု ၁၀၀၊ ၃ခု ၂၀၀ ရောင်းပါတယ်။ စွန့်ပစ်ပစ္စည်းနဲ့လဲရင်တော့ Maskကို အရင်းစျေးတိုင်း ၅၀နဲ့ ရောင်းပေးပါတယ်။

Mask ကျွန်တော်တို့ ဝယ်လို့ရနေသရွေ့ ရောင်းပေးသွားမှာပါ။ အမှိုက်နဲ့လဲရင် အရင်းတိုင်းပဲ လဲပေးသွားမှာပါ။အဓိက ကတော့ ဒီကိုဗစ်ကာလမှာ ငွေရေးကြေးရေး ကြပ်တည်းနေသူတွေအနေနဲ့ အိမ်မှာရှိတဲ့ စွန့်ပစ်ပစ္စည်း

တွေကို အကျိုးရှိရှိအသုံးချတတ်အောင် အသိပညာပေး ချင်တာလည်းပါပါတယ်”ဟု ပြုံးပြံုးလေး ထီကားပိုင်ရှင် ကိုဇော်မင်းနိုင်က ပြောသည်။ လက်ရှိတွင် ယင်းထီကားဖြင့် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း မြို့နယ်များရှိ

ရွာများကို အလှည့်ကျ သွားရောက်ရောင်းပေးလျက်ရှိပြီး ကျောက်တန်းရှိ အမှိုက်ကောက်သည့် ပရဟိတအဖွဲ့များမှ ဖိတ်ခေါ်ပါကလည်း သွားရောက်ဝယ်ယူရောင်းချပေးခြင်းများလည်းရှိကြောင်း၊ စွန့်ပစ်ပစ္စည်းများဖြင့် Maskများ

လဲလှယ်မည်ဆိုပါက တစ်ခုကို အရင်းအတိုင်း ကျပ်၅၀ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဘီယာပုလင်းခွံကို ၁ပုလင်း Mask ၁ခု ဘီယာဘူးခွံ ၁၀ဗူးလျှင် Mask ၁ခုမှ ၂ခု၊ ကတ္ထူ ၁ပိဿာလျှင် Mask ၃ခု

ပလပ်စတစ် ၁ပိဿာလျှင် Mask ၄ခု၊ ကော် ၁ပိဿာလျှင် Mask ၅ခုမှ ၆ခု၊ ပီနံအိတ်စုတ် ၁ပိဿာလျှင် Mask ၅ခုမှ ၆ခု၊ သံတိုသံစ ၁ပိဿာလျှင် Mask ၈ခုမှ ၁၀ခုအထိ လဲလှယ်ပေးမည်ဖြစ်ကြောင်းသိရသည်။ ခရက်ဒစ်

Unicode

စွန့်ပစ်ပစ္စည်းများနှင့် Mask များ ကုန်ပစ္စည်းများ လဲလှယ်ပေးသည့် ထူးခြားသည့် အစီအစဉ်စတင်။ ကိုဗစ် အကျပ်အတည်းကာလတွင် ငွေရေးကြေးရေး ကြပ်တည်းနေသူများအနေဖြင့် မိမိအိမ်ရှိ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိ

အသုံးချတတ်ရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည့် ပြုံးပြုံးလေး အမည်ရှိ စွန့်ပစ် ပစ္စည်းများနှင့် ထီ၊ စားသောက်ကုန်များ ရောင်းချ၊ လဲလှယ်ပေးသော ထီကားတွင် စွန့်ပစ်ပစ္စည်းများနှင့် Mask များ လဲလှယ်

ပေးသည့်အစီအစဉ်ကို ယနေ့စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ ထီကားတွင် ထီ၊ ကြက်ဥ၊ ပန်းသီး၊ စပျစ်သီး စသည်တို့ကို ယခုလ ၈ရက်မှစတင်ကာ ရောင်းချပေးလျက်ရှိပြီး ဈေးဝယ်များ ယူဆောင်လာသည့် စွန့်ပစ်ပစ္စည်း

များကို တန်ဖိုးသင့်ပြီး ငွေပေးချေကြောင်း သိရသည်။ “ကျွန်တော်တို့ ရောင်းတာကိုတော့ ဆန္ဒရှိမှ ဝယ်လို့ရပါတယ်။ အတင်းမရောင်းပါဘူး။ နောက်ပိုင်း ကြက်သွန်၊ ဆား၊ အချိုမုန့်တို့ ထပ်တိုးထားပါတယ်။ ဈေးကတော့ မြို့ပေါ်က

လက်လီဈေးထက် ပိုမရောင်းပါဘူး။ ဥပမအားဖြင့် ကြက်ဥ ၁၁၀ -၁၂၀၊ ကြက်သွန် ၁ ပိဿာ ၈၀၀၊ Mask ကိုတော့ ၁ခု ၁၀၀၊ ၃ခု ၂၀၀ ရောင်းပါတယ်။ စွန့်ပစ်ပစ္စည်းနဲ့လဲရင်တော့ Maskကို အရင်းဈေးတိုင်း ၅၀နဲ့ ရောင်းပေးပါတယ်။

Mask ကျွန်တော်တို့ ဝယ်လို့ရနေသရွေ့ ရောင်းပေးသွားမှာပါ။ အမှိုက်နဲ့လဲရင် အရင်းတိုင်းပဲ လဲပေးသွားမှာပါ။အဓိက ကတော့ ဒီကိုဗစ်ကာလမှာ ငွေရေးကြေးရေး ကြပ်တည်းနေသူတွေအနေနဲ့ အိမ်မှာရှိတဲ့ စွန့်ပစ်ပစ္စည်း

တွေကို အကျိုးရှိရှိအသုံးချတတ်အောင် အသိပညာပေး ချင်တာလည်းပါပါတယ်”ဟု ပြုံးပြုံးလေး ထီကားပိုင်ရှင် ကိုဇော်မင်းနိုင်က ပြောသည်။ လက်ရှိတွင် ယင်းထီကားဖြင့် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း မြို့နယ်များရှိ