Celebrities

တိုင်ရွန်က ကန်တော့ပြီး လာတောင်းပန်မယ်လို့ ဖုန်းဆက်ခဲ့ကြောင်း အချို့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရခဲ့ကြောင်း ပြောပြခဲ့တဲ့ ယုန်လေး

ပရိသတ်ကြီးရေ ယုန်လေးကတော့ လတ်တလောဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ တိုင်ရွန်က ဖုန်းဆက်ပြီး လာကန်တော့ပြီး တောင်းပန်ဖို့ပြောခဲ့တဲ့ ကိစ္စတွေကို အခုလိုပဲ ပြောခဲ့ပါတယ်။

ကျွန်တော်ကငယ်ငယ်ထဲက “ပြည့်စုံတာတဝက် မပြည့်စုံတာတဝက်” အဲ့လိုမျိုးအမြဲတမ်းကြီးလာရတယ်။ အမြဲတမ်းအကောင်းကြီးပဲ အမြဲမရဘူးဗျာ။ ကျွနါတော်ငယ်ငယ်တုန်းက အဖေအမေက အဲ့လောက်ကြီး အဆင်မပြေဘူး။ အဆင်ပြေတဲ့ လူတန်းစားဆိုပေမယ့် ချမ်းသာတဲ့အထဲမှာမပါဘူး။ အဖေနဲ့အမေ ဆုံးသွားခဲ့ပေမယ့် မွေးစားခဲ့တဲ့ အဖိုးနဲ့အဖွားက အရမ်းချမ်းသာတယ်။ အဲ့လိုမျိုးနှစ်ခု အမြဲတမ်းဆုံနေတယ်။

ကျွန်တော့်သီချင်း “အချစ်အတွက် ကံမကောင်းခဲ့သူ” လူသိတယ်။ ကျွန်တော် ထောင်ကျသွားတယ်။ အဲ့လိုမျိုးပဲ အောင်မြင်မှု ပျော်ရွှင်မှု စိတ်ချမ်းသာမှုကို တစ်ခုထဲ ကောင်းကောင်း ဘယ်တော့မှမရဘူး။ ကျွန်တော် အဆိုးတွေ ရင်ဆိုင်ပြီးမှရတယ်။ အခုလဲ အောင်မြင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကံနဲ့ ကံဇာတာကို ပြောပြတာပါ။ အဲ့လိုဆိုတော့ ကျွန်တော့မှာ ငယ်ငယ်ထဲက မိဘမဲ့ဆိုတော့ လူတိုင်းက သိမှာပါ ” ကျွန်တော့မှာလဲ ရိုင်းတဲ့စိတ်ကခံထားတာ အရမ်းသိမ်ငယ်တတ်တဲ့ စိတ်ကို ဒါကတော့ ကိုပဲသိမှာပါ”။

အခုကတော့ အေးအေးချမ်းချမ်း့ဲနေတယ် ဘုရားတရားလေးတွေလုပ်တဲ့အချိန်မှာ ဘုရားရောက်ရင် အေးချမ်းပါတယ်။ ကျွန်တော့မွေးနေ့ (၁၃)ရက်နေ့မှာတော့ ဘယ်သူ့အကူအညီမှမယူဘယ်သူ့ဆီကမှ အလှူမခံဘဲ ကျွန်တော် တတ်နိုင်တဲ့အတိုင်း နှစ်တိုင်းလှူပါတယ်။ ဘာသာကြီး(၄)ခုလုံးကို လိုက်လှူပါတဲ့အကြောင်း ယုန်လေး ကပြောခဲ့ပါတယ်။

စိတ်ထဲမှာတော့ စိတ်ဒဏ်ရာရသွားတာရှိတယ်။ တစ်ခုခု တိုးတိုး တိုးတိုးပြောနေရင် အဲ့တုန်းကငါ့ကိုဆဲသွားတဲ့ သူတွေလားမသိဘူးဆိုပြီး ဖြစ်မိတယ်။ အဲ့တော့ ဘုရားစာလေးရွတ်ပြီး စိတ်ထဲကဖျောက်လိုက်တယ်။ ဖျောက်ပြီးတော့ အဲ့လိုပဲနေရတာပေါ့။

ကျွန်တော်မကြောက်တာ တစ်ခုကတော့ ကျွန်တော့ရဲ့ စိတ်ရင်းကို သိတဲ့သူတွေ သူငယ်ချင်းတွေ ပေါင်းတဲ့သူတွေ အကုန်သိပါတယ်။ “ကျွန်တော် စိတ်ကောင်းရှိလား လူတွေကို ကူညိတတ်လား အဲ့လိုမျိုး နင်းပြီး တက်တတ်လားဆိုတာ” သူတို့ အကုန်သိမှာပါ။ ဆိုတော့ အချိန်ကစကားပြောသွားမှာပါ။

ကျွန်တော့ကို အထင်လွဲနေတဲ့ လူကောင်းသူကောင်းတွေလဲ အများကြီးရှိပါတယ်။ အဲ့တော့ အဲ့လူတွေလဲ ကျွန်တော်ဘာလို အကျင့်စာရိတ္တရှိတဲ့သူလဲ သူတို့ အထင်လွဲနေသလို ဟုတ်လား မဟုတ်လားဆိုတာ အချိန်တန်ရင် အချိန်က သက်သေပြသွားမှာပါ။ မျက်နှာဖုံးဆိုတာလဲ တပ်ထားလို့ရရင် ခဏပါ။

အချိန်တန်ရင် ကွာမှာပဲလေ။ အဲ့တောကြောင့် ကျွန်တော်လဲ တကယ် မကောင်းတဲ့ကောင်ကြီးဆို အချိန်တန်ရင် ကွာမှာပေါ့။ဒါတွေက အလှူနဲ့ ဖုံးလို့လဲမရဘူး။ လျှောက်လှူပြနေပြီး ဖုံးလို့လဲမရဘူး။ ဒါတွေက အချိန်တစ်ခုက စကားပြောသွားလိမ့်မယ်လို့ ယုန်လေးက ပြောခဲ့ပါတယ်။

ဘယ်လိုသင်ခန်းစာတွေရခဲ့လဲဆိုတော့ “ဘယ်သူ့ကိုမှလဲ ကလဲ့စားလဲ မချေတတ်ဘူး၊ ဘယ်သူ့ကိုမှလဲ အမှတ်သဲချေမရှိဘူး၊ ကျွန်တော် အကုန်လုံးကို နားလည်တယ်၊ ခွင့်လွှတ်တယ်” လို့ ယုန်လေးက ပြောခဲ့ပါတယ်။

ညီလေးတိုင်ရွန်လဲ “အကိုကြီး ကျွန်တော်လာ ကန်တော့ချင်လို့ တောင်းပန်တယ်” ဆိုပြီးဖုန်းဆက်ခဲ့တာ်လို့ ယုန်လေးက ပြောပြခဲ့ပါတယ်။ “ဘာမှမဖြစ်ဘူးဟျောင့် မင်းရယ် ငါရယ် ညီအကိုပဲ အေးဆေးပဲ နောက်မင်းအဲ့လို မလုပ်နဲ့ပေါ့ အေးဆေးပဲ” ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူ့အပေါ်လဲ မုန်းတာလဲ မရှိဘူး ဘာမှမရှိဘူး တကယ်ဘာမှမရှိဘူး။ ကျွန်တော်အကုန်လုံးကို ချစ်တယ်။

ဒီတိုင်းပဲ အရင်တုန်းက ” စောက်ချိုးမပြေဘူးကွာ ယုန်လေး ဒီကောင်ဆို ရိုင်းတယ်” လို့ လူတချို့က ပြောဆိုနေကြတဲ့ ဘဝကြီးကို ဖျောက်ချင်နေတာကြာပြီလိုါ ယုန်လေးကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဲ့ဒီအတွက် ဘုရားတရားလဲပိုလုပ်ပြီး လူတိုင်းကိုလဲ အရင်ကထက်ပိုပြီး မေတ္တာထားတယ် အညှိုးအတေးကတော့ နဂိုထဲကမရှိတာ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါဗျာ။ ကျွန်တော့ကို ခိုင်ခိုင်မာမာ အပြည့်အဝ ရပ်တည်ပေးတဲ့သူကို ကျွန်တော့ကြောင့် စိတ်ထိခိုက်တဲ့သူ အဲ့တာတွေကတော့ ခေါင်းထဲရှိမှရမှာ။

ပြောနေကြတဲ့ ယုန်လေး ကျရှုံးသွားပြီ။ ဘာအလုပ်မှမလုပ်ရတော့ဘူး ရုပ်ရှင်တွေလဲ မရိုက်ရတော့ဘူး ကားတွေလဲ မရိုက်ရတော့ဘူး သွားပြီ။ အဲ့ကျရှံုးသွားတယ်ဆိုတာ ကျွန်တော်ကတော့ ကျရှံုးအောင် မနေပါဘူး။ လုပ်လို့ရတဲ့ဟာတွေနဲ့ ရပ်တည်လို့ရအောင်လုပ်မယ်။ ကျွန်တော့်နောက်မှာလံ ကျွန်တော်ထောက်ပံ့တဲ့ မိသားစုတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင်လဲ နောက်တစ်နှစ် ရုပ်ရှင်ပြန်ရိုက်လိုရတာနဲ့ လုပ်လို့ရမယ့်ဟာတွေ တန်းစီုပီး ဦးနှောက်ထဲ ထည့်ထားမယ်လို့ ပြောခဲ့ပါတယ်။

ယုန်လေးနဲ့ တိုင်ရွန်နဲ့ ပြန်လည် သင့်မြတ်သွားတဲ့အပေါ် နှစ်ဖက်လုံးက ပရိသတ်တွေလဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယုန်လေးအတွက်လဲ ရုပ်ရှင်တွေရိုက်ခွင့်မရပေမယ့်လဲ ကြော်ငြာတွေရိုက်ရင်း အခြားစီးပွားရေးတွေလုပ်ရင်း ယုန်လေးအပေါ် မှီခိုနေကြတဲ့ မိသားစုတွေအတွက်လဲ ပိုမိုထောက်ပံ့နိုင်ပြီး အလှူအတန်းတွေလဲ များများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ပရိသတ်ကြီးရဲ့ အမြင်ကို ကော်မန့်မှာရေးသွားကြဦးနော်။ အခုလိုဖတ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ပါတယ်။

Read in UNICODE

ပရိသတ်ကြီးရေ ယုန်လေးကတော့ လတ်တလောဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ တိုင်ရွန်က ဖုန်းဆက်ပြီး လာကန်တော့ပြီး တောင်းပန်ဖို့ပြောခဲ့တဲ့ ကိစ္စတွေကို အခုလိုပဲ ပြောခဲ့ပါတယ်။

ကျွန်တော်ကငယ်ငယ်ထဲက “ပြည့်စုံတာတဝက် မပြည့်စုံတာတဝက်” အဲ့လိုမျိုးအမြဲတမ်းကြီးလာရတယ်။ အမြဲတမ်းအကောင်းကြီးပဲ အမြဲမရဘူးဗျာ။ ကျွနါတော်ငယ်ငယ်တုန်းက အဖေအမေက အဲ့လောက်ကြီး အဆင်မပြေဘူး။ အဆင်ပြေတဲ့ လူတန်းစားဆိုပေမယ့် ချမ်းသာတဲ့အထဲမှာမပါဘူး။ အဖေနဲ့အမေ ဆုံးသွားခဲ့ပေမယ့် မွေးစားခဲ့တဲ့ အဖိုးနဲ့အဖွားက အရမ်းချမ်းသာတယ်။ အဲ့လိုမျိုးနှစ်ခု အမြဲတမ်းဆုံနေတယ်။

ကျွန်တော့်သီချင်း “အချစ်အတွက် ကံမကောင်းခဲ့သူ” လူသိတယ်။ ကျွန်တော် ထောင်ကျသွားတယ်။ အဲ့လိုမျိုးပဲ အောင်မြင်မှု ပျော်ရွှင်မှု စိတ်ချမ်းသာမှုကို တစ်ခုထဲ ကောင်းကောင်း ဘယ်တော့မှမရဘူး။ ကျွန်တော် အဆိုးတွေ ရင်ဆိုင်ပြီးမှရတယ်။ အခုလဲ အောင်မြင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကံနဲ့ ကံဇာတာကို ပြောပြတာပါ။ အဲ့လိုဆိုတော့ ကျွန်တော့မှာ ငယ်ငယ်ထဲက မိဘမဲ့ဆိုတော့ လူတိုင်းက သိမှာပါ ” ကျွန်တော့မှာလဲ ရိုင်းတဲ့စိတ်ကခံထားတာ အရမ်းသိမ်ငယ်တတ်တဲ့ စိတ်ကို ဒါကတော့ ကိုပဲသိမှာပါ”။

အခုကတော့ အေးအေးချမ်းချမ်း့ဲနေတယ် ဘုရားတရားလေးတွေလုပ်တဲ့အချိန်မှာ ဘုရားရောက်ရင် အေးချမ်းပါတယ်။ ကျွန်တော့မွေးနေ့ (၁၃)ရက်နေ့မှာတော့ ဘယ်သူ့အကူအညီမှမယူဘယ်သူ့ဆီကမှ အလှူမခံဘဲ ကျွန်တော် တတ်နိုင်တဲ့အတိုင်း နှစ်တိုင်းလှူပါတယ်။ ဘာသာကြီး(၄)ခုလုံးကို လိုက်လှူပါတဲ့အကြောင်း ယုန်လေး ကပြောခဲ့ပါတယ်။

စိတ်ထဲမှာတော့ စိတ်ဒဏ်ရာရသွားတာရှိတယ်။ တစ်ခုခု တိုးတိုး တိုးတိုးပြောနေရင် အဲ့တုန်းကငါ့ကိုဆဲသွားတဲ့ သူတွေလားမသိဘူးဆိုပြီး ဖြစ်မိတယ်။ အဲ့တော့ ဘုရားစာလေးရွတ်ပြီး စိတ်ထဲကဖျောက်လိုက်တယ်။ ဖျောက်ပြီးတော့ အဲ့လိုပဲနေရတာပေါ့။

ကျွန်တော်မကြောက်တာ တစ်ခုကတော့ ကျွန်တော့ရဲ့ စိတ်ရင်းကို သိတဲ့သူတွေ သူငယ်ချင်းတွေ ပေါင်းတဲ့သူတွေ အကုန်သိပါတယ်။ “ကျွန်တော် စိတ်ကောင်းရှိလား လူတွေကို ကူညိတတ်လား အဲ့လိုမျိုး နင်းပြီး တက်တတ်လားဆိုတာ” သူတို့ အကုန်သိမှာပါ။ ဆိုတော့ အချိန်ကစကားပြောသွားမှာပါ။ ကျွန်တော့ကို အထင်လွဲနေတဲ့ လူကောင်းသူကောင်းတွေလဲ အများကြီးရှိပါတယ်။

အဲ့တော့ အဲ့လူတွေလဲ ကျွန်တော်ဘာလို အကျင့်စာရိတ္တရှိတဲ့သူလဲ သူတို့ အထင်လွဲနေသလို ဟုတ်လား မဟုတ်လားဆိုတာ အချိန်တန်ရင် အချိန်က သက်သေပြသွားမှာပါ။ မျက်နှာဖုံးဆိုတာလဲ တပ်ထားလို့ရရင် ခဏပါ။ အချိန်တန်ရင် ကွာမှာပဲလေ။ အဲ့တောကြောင့် ကျွန်တော်လဲ တကယ် မကောင်းတဲ့ကောင်ကြီးဆို အချိန်တန်ရင် ကွာမှာပေါ့။ဒါတွေက အလှူနဲ့ ဖုံးလို့လဲမရဘူး။ လျှောက်လှူပြနေပြီး ဖုံးလို့လဲမရဘူး။ ဒါတွေက အချိန်တစ်ခုက စကားပြောသွားလိမ့်မယ်လို့ ယုန်လေးက ပြောခဲ့ပါတယ်။

ဘယ်လိုသင်ခန်းစာတွေရခဲ့လဲဆိုတော့ “ဘယ်သူ့ကိုမှလဲ ကလဲ့စားလဲ မချေတတ်ဘူး၊ ဘယ်သူ့ကိုမှလဲ အမှတ်သဲချေမရှိဘူး၊ ကျွန်တော် အကုန်လုံးကို နားလည်တယ်၊ ခွင့်လွှတ်တယ်” လို့ ယုန်လေးက ပြောခဲ့ပါတယ်။

ညီလေးတိုင်ရွန်လဲ “အကိုကြီး ကျွန်တော်လာ ကန်တော့ချင်လို့ တောင်းပန်တယ်” ဆိုပြီးဖုန်းဆက်ခဲ့တာ်လို့ ယုန်လေးက ပြောပြခဲ့ပါတယ်။ “ဘာမှမဖြစ်ဘူးဟျောင့် မင်းရယ် ငါရယ် ညီအကိုပဲ အေးဆေးပဲ နောက်မင်းအဲ့လို မလုပ်နဲ့ပေါ့ အေးဆေးပဲ” ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူ့အပေါ်လဲ မုန်းတာလဲ မရှိဘူး ဘာမှမရှိဘူး တကယ်ဘာမှမရှိဘူး။ ကျွန်တော်အကုန်လုံးကို ချစ်တယ်။

ဒီတိုင်းပဲ အရင်တုန်းက ” စောက်ချိုးမပြေဘူးကွာ ယုန်လေး ဒီကောင်ဆို ရိုင်းတယ်” လို့ လူတချို့က ပြောဆိုနေကြတဲ့ ဘဝကြီးကို ဖျောက်ချင်နေတာကြာပြီလိုါ ယုန်လေးကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဲ့ဒီအတွက် ဘုရားတရားလဲပိုလုပ်ပြီး လူတိုင်းကိုလဲ အရင်ကထက်ပိုပြီး မေတ္တာထားတယ် အညှိုးအတေးကတော့ နဂိုထဲကမရှိတာ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါဗျာ။ ကျွန်တော့ကို ခိုင်ခိုင်မာမာ အပြည့်အဝ ရပ်တည်ပေးတဲ့သူကို ကျွန်တော့ကြောင့် စိတ်ထိခိုက်တဲ့သူ အဲ့တာတွေကတော့ ခေါင်းထဲရှိမှရမှာ။

ပြောနေကြတဲ့ ယုန်လေး ကျရှုံးသွားပြီ။ ဘာအလုပ်မှမလုပ်ရတော့ဘူး ရုပ်ရှင်တွေလဲ မရိုက်ရတော့ဘူး ကားတွေလဲ မရိုက်ရတော့ဘူး သွားပြီ။ အဲ့ကျရှုံးသွားတယ်ဆိုတာ ကျွန်တော်ကတော့ ကျရှုံးအောင် မနေပါဘူး။ လုပ်လို့ရတဲ့ဟာတွေနဲ့ ရပ်တည်လို့ရအောင်လုပ်မယ်။ ကျွန်တော့်နောက်မှာလံ ကျွန်တော်ထောက်ပံ့တဲ့ မိသားစုတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင်လဲ နောက်တစ်နှစ် ရုပ်ရှင်ပြန်ရိုက်လိုရတာနဲ့ လုပ်လို့ရမယ့်ဟာတွေ တန်းစီုပီး ဦးနှောက်ထဲ ထည့်ထားမယ်လို့ ပြောခဲ့ပါတယ်။

ယုန်လေးနဲ့ တိုင်ရွန်နဲ့ ပြန်လည် သင့်မြတ်သွားတဲ့အပေါ် နှစ်ဖက်လုံးက ပရိသတ်တွေလဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယုန်လေးအတွက်လဲ ရုပ်ရှင်တွေရိုက်ခွင့်မရပေမယ့်လဲ ကြော်ငြာတွေရိုက်ရင်း အခြားစီးပွားရေးတွေလုပ်ရင်း ယုန်လေးအပေါ် မှီခိုနေကြတဲ့ မိသားစုတွေအတွက်လဲ ပိုမိုထောက်ပံ့နိုင်ပြီး အလှူအတန်းတွေလဲ များများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ပရိသတ်ကြီးရဲ့ အမြင်ကို ကော်မန့်မှာရေးသွားကြဦးနော်။ အခုလိုဖတ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ပါတယ်။credit