Local News

အခြေခံ ပညာ ကျောင်းတွေ တစ်နှစ် နားမယ် ဆိုတဲ့ သတင်း မှာ သတင်း အမှားသာ ဖြစ်

ဝန်ကြီး ဌာနက တရားဝင် ထုတ်ပြန် ထားခြင်း မရှိပါဘူး။ ကိုဗစ်ကြောင့် အခြေခံပညာ ကျောင်းတွေ တစ်နှစ်နားမယ် ဆိုတာက ဝန်ကြီးဌာန ကနေ ထုတ်ပြန်ထား ခြင်း မရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

မနေ့က သြဂုတ်လ( ၂၇)ရ်နေ့ ညပိုင်း မှာတော့ ကိုဗစ်ကြောင့် အခြေခံပညာ ကျောင်းတွေ တစ်နှစ်နားတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့မှုတွေ ရှိ ခဲ့ပါတယ်။ ဒါနဲ့ပတ်သက် လို့ အခြေခံပညာ ဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာ မှာ

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက အခုလို အတည်ပြု ပြောကြားခဲ့တာပါ။ “မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။ တကယ်တော့ ဒီကိစ္စကို ကျွန်တော် တို့ဘက်က စာထုတ်ပြန် ထားခြင်းမရှိပါဘူး” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။

အခြေခံပညာဦးစီးဌာန အနေနဲ့ စာသင်ကျောင်းတွေ ကို ကိုဗစ်ကြောင့် ယာယီ ပိတ်ထားဖို့ကိုသာ တရားဝင် စာထုတ် ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေ တစ်နှစ်နားမယ်ဆိုတဲ့ အကြောင်းလည်းမပါဝင်ခဲ့ပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံး က ဖွင့်လှစ် ထားတဲ့ အခြေခံပညာကျောင်းတွေ ကို ကိုဗစ် ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

crd : Duwun

ဝန်ကြီး ဌာနက တရားဝင် ထုတ်ပြန် ထားခြင်း မရှိပါဘူး။ ကိုဗစ်ကြောင့် အခြေခံပညာ ကျောင်းတွေ တစ်နှစ်နားမယ် ဆိုတာက ဝန်ကြီးဌာန ကနေ ထုတ်ပြန်ထား ခြင်း မရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

မနေ့က သြဂုတ်လ( ၂၇)ရ်နေ့ ညပိုင်း မှာတော့ ကိုဗစ်ကြောင့် အခြေခံပညာ ကျောင်းတွေ တစ်နှစ်နားတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့မှုတွေ ရှိ ခဲ့ပါတယ်။ ဒါနဲ့ပတ်သက် လို့ အခြေခံပညာ ဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာ မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက

အခုလို အတည်ပြု ပြောကြားခဲ့တာပါ။ “မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။ တကယ်တော့ ဒီကိစ္စကို ကျွန်တော် တို့ဘက်က စာထုတ်ပြန် ထားခြင်းမရှိပါဘူး” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။

အခြေခံပညာဦးစီးဌာန အနေနဲ့ စာသင်ကျောင်းတွေ ကို ကိုဗစ်ကြောင့် ယာယီ ပိတ်ထားဖို့ကိုသာ တရားဝင် စာထုတ် ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေ တစ်နှစ်နားမယ်ဆိုတဲ့ အကြောင်းလည်းမပါဝင်ခဲ့ပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံး က ဖွင့်လှစ် ထားတဲ့ အခြေခံပညာကျောင်းတွေ ကို ကိုဗစ် ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီ ပိတ်ထားခဲ့တာဖြစ်ပါတယ်။credit