Dhamma

ပေါက်ပေါက်ရှာရှာနည်းလမ်းတွေနဲ့ စာကျက်ခဲ့လို့ အူနာအောင် ရီနေရတဲ့ ကိုရင်လေး..(ရုပ်သံ)

Zawgyi

သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်မှာ မိမိနှစ်ခြိုက်တဲ့ ပညာရေးစနစ်နဲ့ ပိဋကစာပေတွေကို ပို့ချပေးနေပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပ ဉ္စမတန်း စသည်ခွဲကာ သင်ယူစေပါတယ်။ (၆)လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေဆိုစေပါတယ်။ ဥပုသ်နေ့တိုင်း အစမ်းစာမေးပွဲတွေ ဖြေစေပါတယ်။

၁၃၆၈ (၂၀၀၇) ခုနှစ် တပို့တွဲလမှာ အတန်းတင်စာမေးပွဲ စတင်ဖြေစေပါမယ်။ ပထမတန်းမှာ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားခဲ့တဲ့ နာမ်ဂိုဏ်းစာအုပ်၊ ပါဠိသိက္ခာစာအုပ် တွေအပြင် ကိုရင်လေးတို့ဖတ်ဖို့ ဆိုတဲ့ စာအုပ်ကိုလည်း သင်ယူစေပါတယ်။

ကိုရင်ဝတ်ပြီးရင် ဆိုတဲ့ စာအုပ်လေးကိုလည်း သင်ယူစေပါတယ်။ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံ၊ (၁၀)ပါးသီလ၊ လိင်(၁၀)ပါး၊ ဒဏ်(၁၀)ပါး၊ သေခိယ(၇၅)ပါး၊ ခန္ဓကဝတ်(၁၄)ပါး၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် စတာတွေ ကိုရင်ဝတ်ပြီးရင် စာအုပ်မှာ ပါဝင်နေပါတယ်။ ကိုရင်ဝတ်ပြီးသူတိုင်း သိရ လိုက်နာရမယ့် အချက်အလက်တွေကို ထည့်ထားပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းမှာ စာသင်သားတွေကို နေ့စဉ် တစ်နာရီကြာအောင် တရားရှုမှတ်စေပါတယ်။ ဥပုသ်နေ့တိုင်းမှာတော့ ၃နာရီ ကြာ တရားရှုမှတ်စေပါတယ်။

တရားရှုမှတ်ပုံကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးရဲ့ ဩဝါဒတော်နဲ့အညီ သင်ပြပေးပါတယ်။ တရားဘယ်လိုရှုမှတ်ရမလဲ လို့စာအုပ်လေး ထုတ်နုတ်ဖော်ပြထားရာ အဲဒီစာအုပ်လေးကိုလည်း ပထမတန်းမှာ ပြဌာန်းပေးထားပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်က စာသင်သား ကိုရင်တိုင်း ဖိုးသူတော်တိုင်း သတိပဋ္ဌာန်ရှုမှတ်ပုံကို သိစေချင်ပါတယ်။ အဲဒီစာအုပ် ၅ အုပ်ကို ပထမတန်းဝင် ရှင်တိုင်း ဖိုးသူတော်တိုင်း သင်ယူကြရပါတယ်။

ဒုတိယတန်းမှာတော့ ဓမ္မပဒအဋ္ဌကထာပါဠိ ယမကဝဂ်၊ သဂြိုဟ်(၄)ပိုင်း၊ ယနေ့မှာ သာမဏေငယ် နောင်အခါဝယ် ဆရာတော်ကြီး စာအုပ်နဲ့ အဲဒီစာအုပ်ပါ မြန်မာစာသားတွေရဲ့ သက်ဆိုင်ရာ ပါဠိစာအုပ်၊ သာလွန် အခြေခံအင်္ဂလိပ် စကားပြော စာအုပ်ငယ်တွေကို သင်ယူစေပါမယ်။

ကိုရင်ဝတ်ပြီးရင် စာအုပ်မှ စာသားတွေကို ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးရဲ့ စာအုပ်တွေမှ ထုတ်နုတ်စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းသို့ ရောက်သစ်စ စာသင်သားတိုင်း လေ့လာသင်ယူရမှာမို့ စာအုပ်ဖြစ်အောင် ကြိုးစားလိုက်ပါတယ်။

Unicode

သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်မှာ မိမိနှစ်ခြိုက်တဲ့ ပညာရေးစနစ်နဲ့ ပိဋကစာပေတွေကို ပို့ချပေးနေပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း စသည်ခွဲကာ သင်ယူစေပါတယ်။ (၆)လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေဆိုစေပါတယ်။ ဥပုသ်နေ့တိုင်း အစမ်းစာမေးပွဲတွေ ဖြေစေပါတယ်။ ၁၃၆၈ (၂၀၀၇) ခုနှစ် တပို့တွဲလမှာ အတန်းတင်စာမေးပွဲ စတင်ဖြေစေပါမယ်။ ပထမတန်းမှာ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားခဲ့တဲ့ နာမ်ဂိုဏ်းစာအုပ်၊ ပါဠိသိက္ခာစာအုပ် တွေအပြင် ကိုရင်လေးတို့ဖတ်ဖို့ ဆိုတဲ့ စာအုပ်ကိုလည်း သင်ယူစေပါတယ်။

ကိုရင်ဝတ်ပြီးရင် ဆိုတဲ့ စာအုပ်လေးကိုလည်း သင်ယူစေပါတယ်။ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံ၊ (၁၀)ပါးသီလ၊ လိင်(၁၀)ပါး၊ ဒဏ်(၁၀)ပါး၊ သေခိယ(၇၅)ပါး၊ ခန္ဓကဝတ်(၁၄)ပါး၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် စတာတွေ ကိုရင်ဝတ်ပြီးရင် စာအုပ်မှာ ပါဝင်နေပါတယ်။ ကိုရင်ဝတ်ပြီးသူတိုင်း သိရ လိုက်နာရမယ့် အချက်အလက်တွေကို ထည့်ထားပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းမှာ စာသင်သားတွေကို နေ့စဉ် တစ်နာရီကြာအောင် တရားရှုမှတ်စေပါတယ်။ ဥပုသ်နေ့တိုင်းမှာတော့ ၃နာရီ ကြာ တရားရှုမှတ်စေပါတယ်။

တရားရှုမှတ်ပုံကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးရဲ့ ဩဝါဒတော်နဲ့အညီ သင်ပြပေးပါတယ်။ တရားဘယ်လိုရှုမှတ်ရမလဲ လို့စာအုပ်လေး ထုတ်နုတ်ဖော်ပြထားရာ အဲဒီစာအုပ်လေးကိုလည်း ပထမတန်းမှာ ပြဌာန်းပေးထားပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်က စာသင်သား ကိုရင်တိုင်း ဖိုးသူတော်တိုင်း သတိပဋ္ဌာန်ရှုမှတ်ပုံကို သိစေချင်ပါတယ်။ အဲဒီစာအုပ် ၅ အုပ်ကို ပထမတန်းဝင် ရှင်တိုင်း ဖိုးသူတော်တိုင်း သင်ယူကြရပါတယ်။credit

စာကိုအဲ့လိုကျက်နေရတော့မယ်?#Credit

Posted by Ashin Arrseinna on Thursday, August 27, 2020