Local News

နှာခေါင်းစီး မတပ် ဘဲ အပြင် ထွက်သွား လာတဲ့ သူ ၄၄ ဦး ကို စတင် အရေး ယူပြီ

မောင်တော၊ ဩဂုတ် ၂၆။

ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း ပါးစပ်နဲ့ နှာခေါင်း စည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပမှာ သွားလာ နေသူ ၄၄ဦးကို ဩ ဂုတ်လ ၂၅ရက် နေ့က ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပြန်/ဆက်ရဲ့ သတင်းများအရ သိရပါတယ်။

မောင်တော မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေးအဖွဲ့ က ပါးစပ်နှာခေါင်း စည်း(mask)မတပ်ဆင် ဘဲ သွားလာနေ သူများအား ဒဏ်ရိုက်ခြင်းကို ဩဂုတ်လ ၂၅ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက် ရှိတာဖြစ်ပါတယ်

မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ က မြို့တွင်းနေရာများ အတွင်း အဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက် လျက်ရှိခဲ့ရာ ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ လိုက်နာမှု မရှိသူ (၄၄)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုသူများအား ဒဏ်ငွေ တစ်သောင်း ပေးဆောင်စေကာ အပြင်သို့ ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ နေအိမ် ပြင်ပသို့ ထွက်ကြရန် အသိပညာ ပေးပြောကြားခဲ့ကာ maskတပ်ဆင်မှု မရှိကြောင်း ထပ်မံတွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ယခုအချိန် မှာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်နေပြည်သူ များအား နေအိမ်ပြင်ပ သို့ သွားရောက်မည် ဆိုပါက mask များ တပ်ဆင်ရန်နဲ့ မတပ် ဆင်ဘဲ သွားလာမှုများ ရှိပါက အရေးယူမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားတာလည်းဖြစ်ပါတယ်။ TMA

Credit – MyanmaPlatform

နှာခေါင်းစီး မတပ် ဘဲ အပြင် ထွက်သွား လာတဲ့ သူ ၄၄ ဦး ကို စတင် အရေး ယူပြီ

မောင်တော၊ ဩဂုတ် ၂၆။

ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း ပါးစပ်နဲ့ နှာခေါင်း စည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပမှာ သွားလာ နေသူ ၄၄ဦးကို ဩ ဂုတ်လ ၂၅ရက် နေ့က ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပြန်/ဆက်ရဲ့ သတင်းများအရ သိရပါတယ်။မောင်တော မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေးအဖွဲ့ က ပါးစပ်နှာခေါင်း စည်း(mask)မတပ်ဆင် ဘဲ သွားလာနေ သူများအား ဒဏ်ရိုက်ခြင်းကို ဩဂုတ်လ ၂၅ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက် ရှိတာဖြစ်ပါတယ်။