Local News

“မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက် တန်းကျောင်းအားလုံး ယာယီပိတ်မည်”

Zawgyi

တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းအားလုံးမနက်ဖြန်မှစကာ ယာယီပိတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကMyanmar Harp ကိုပြောသည်။

“ကျောင်းအားလုံးဖြစ်ပါတယ်”ဟုညွှန်ချုပ်ကပြောသည်။

ဇူလိုင်၂၁ရက်နောက်ပိုင်း ဖွင့်ထားသော ကျောင်းအားလုံးဖြစ်ကာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ရှင်းပြသည်။

ကျောင်းများယာယီပိတ်ခြင်းက ကြိုတင်ကာကွယ်သည့်သဘောဖြစ်သည်ဟု ဝန်ကြီးကပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်း မနက်ဖြန်မှ စတင်၍ ယာယီပိတ်မယ်။တိုင်းအတွင်းက ဖွင့်ထားတဲ့ကျောင်းအားလုံးပါ”ဟု ဦးနိုင်ငံလင်းကပြောသည်။

ကိုမင်း/Myanmar Harp

#CREDIT