Celebrities

COVID-19 ရောဂါပိုးကူးစက်မှုများစွာဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် လှူဒါန်းမှုများစွာလုပ်ခဲ့တဲ့ သံသာမိုးသိမ့်

မင်းသမီးချောလေးသံသာမိုးသိမ့်ကတော့ “ကျွန်မကဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါဝင်လာပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိလာသူတစ်ယောက်ပါ။ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအဖြစ်နဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကိုထပ်မံသိမ်းပိုက်ထားတာပါ။
သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ပိုင်းမှာအကောင်းဆုံးကြိုးစားကာ သူ့ရဲ့အနုပညာအရည်အချင်းတွေကိုချပြနေသလို စိတ်ထားကောင်းမွန်သူလေးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရခိုင်ပြည်နယ်မှချစ်ပရိသတ်များရှင့်.. သံသာတို့အားလုံးထပ်တူရှိနေပါတယ်နော်..သံသာအလှူဆိုတာထက်သံသာပရိသတ်တွေအလှူပါ.. ပိုးသတ်ဆေးဖြန်းစက်အကြီးတစ်လုံး..အလှူငွေ နှင့်အတူ ပိုးသတ်ဆေး , mask များကိုနိုင်သလောက်လေးလှူဒါန်းဖြစ်ခဲ့ပါတယ် …ပိုးသတ်ဆေးများကို သံသာလိုသလောက် သံသာလှူချင်သလောက်ပို့ပေးကုသိုလ်ယူပေးတဲ့ MMK Bleach ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်ရှင့်” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ မင်းသမီးချောလေးကတော့ လက်ရှိအချိန်မှာကိုဗစ်(၁၉)ကူးစက်ပျံ့နှ့မှုများစွာခံနေရတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါပြီ။ တကယ့်ကိုလေးစားစရာပါပဲနော်…CREDIT