Celebrities

ရခိုင်ပြည်နယ် COVID 19 ကာကွယ် ထိန်းချုပ် ကူညီထောက်ပံ့ရေးအဖွဲ့ဥက္ကဌတွေအဖြစ် ဆောင်ရွက်နေကြတဲ့ ဝေဠုကျော်နဲ့ နေထက်လင်း

ပရိသတ်ကြီးရေ အက်ရှင်မင်းသားတွေဖြစ်တဲ့ ဝေဠုကျော်နဲ့ နေထက်လင်းတို့ ဦးစီးပြီး ရခိုင်အရောက်အလှူပစ္စည်းများ ပို့ဆောင်ပေးနေ ပြီး ရခိုင်အတွက် အလှူခံလျက်ရှိပါတယ် ။ အခုချိန်ဟာ ရခိုင်ပြည်နယ် ရှိ မြို့တော်တော်များများ မှာ COVID ရောဂါ ဖြစ်ပွားနေပြီး အမြန်ထိန်းချုပ်ကာကွယ်ဖို့ အစစအရာရာ လိုအပ်နေပါတာပါ ။

အနယ်နယ်အရပ်ရပ်မှ ရခိုင်ပြည်နယ် ကပ်ရောဂါ အတွက် ပေးပို့ လှူဒါန်းလိုသူများ၊  တိုက်ပွဲရှောင် နဲ့ ဆင်းရဲသားလက်လုပ်လက်စားများအား ပေးပို့ လှူဒါန်းလိုသူများ ဆေးရုံများသို့ ဆေးပစ္စည်းများ ကာကွယ်ရေး ပစ္စည်းများပေးပို့ လှူဒါန်းလိုသူများ အနေဖြင့် ဝေဠုကျော်ဖောင်ဒေးရှင်း သို့ ပို့ဆောင် ပေးလို့ရတဲ့အကြောင်း ဝေဠုကျော် ဖောင်ဒေးရှင်းမှ တဆင့် ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ် ။ ဖောင်ဒေးရှင်းမှလဲ အရင် သံတွဲ၊ဘူးသီးတောင်၊မောင်တော တို့အတွက် ကာကွယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့ပြီး အခုအကြိမ်မှာလည်း လဲ တတ်နိူင်သလောက် အရင် ပေးပို့လိုက်ပြီး နောက်ထပ်လဲ ထပ်မံ ပေးပို့ပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ် ။

အရင် တိုက်ပွဲရှောင်တွေ ကူညီဖို့ ဖွဲ့စည်းထားသော သရုပ်ဆောင် နေထက်လင်း က ဥက္ကဌ ဝေဠုကျော်က ဒုဥက္ကဌ အဖြစ် ပါဝင်သော ရခိုင် COVID 19 ကာကွယ် ထိန်းချုပ် ကူညီထောက်ပံ့ရေးအဖွဲ့ မှ ရခိုင်ပြည်နယ် COVID19ကာကွယ်ထိန်းချုပ်ရန် အရေးပေါ် လိုအပ်နေသော မြို့များသို့ နယ်ခံ အဖွဲ့သားများနဲ့ ချိတ်ဆက်ပို့ဆောင် ဖြန့်ဝေပေးသွားမှာဖြစ်လို့ လှူဒါန်းပေးပို့လို့ရပြီဖြစ်ကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးလိုက်ပါတယ်နော် ။CREDIT