Celebrities

ဝါတွင်းသုံးလမှာ ယုန်လေးနဲ့အတူ အဓိဌာန်ဂုဏ်တော်ပုတီးစိပ်ပြီး ကုသိုလ်ယူနေတဲ့ နွေးနွေးချစ်ဖွယ်

ဘုရားတရားအမြဲလုပ်ပြီး သူများတွေကိုလည်း ဘုရားတရားလုပ်လာအောင် လမ်းညွှန်ပေးတတ် တဲ့ နွေးနွေးချစ်ဖွယ်တစ်ယောက် ဝါတွင်းကာလမှာလည်း ယုန်လေးနဲ့အတူ ဘုရားရဲ့ဂုဏ်တော် တွေကိုပူဇော်ပြီး ကုသိုလ်ယူခဲ့ပါတယ်။ ဒီနေ့ဟာနှစ်ယောက်သားရဲ့ ပဌာန်းကျမ်းမြတ်တော် ပါဋ္ဌာနပါဠိ ( တတိယအကြိမ်မြှောက် )ပထမတွဲ ပူဇော်ပြီးအောင်မြင်တဲ့နေ့ဖြစ်ပါတယ်။

အကျပ်အတည်းကာလတွေကိုရင်ဆိုင်ခဲ့ရတဲ့ ယုန်လေးကိုလည်း စိတ်အေးချမ်းအောင် ဘုရားတရားလုပ်ခိုင်းခဲ့တာကြောင့် အခုဆိုရင် ယုန်လေးက အတော်လေးကိုတည်ငြိမ်တဲ့ အနေအထားတစ်ခုမှာ အေးအေးဆေးဆေးဖြစ်နေခဲ့ပါပြီ။ ကိုယ်တိုင်ယူတဲ့ကုသိုလ်တင် မကဘဲ ဘေးလူတွေကိုပါ အကျိုးဖြစ်ထွန်းစေတဲ့ စိတ်စေတနာကောင်းသူလေးပါပဲ။

နှစ်ယောက်သားရဲ့ ကုသိုလ်ပြုတဲ့ပုံရိပ်လေးတွေကို ” ဝါတွင်း (၃) လ ပဌာန်းကျမ်းမြတ်တော် ပါဋ္ဌာနပါဠိ ( တတိယအကြိမ်မြောက် ) ပထမတွဲ ပူဇော်ပြီးအောင်မြင်သောနေ့ (26.8.2020) အဓိဌာန် ဂုဏ်တော်ပုတီး (၉) ပတ် သရဏဂုံ ၁၀၀၀ ပူဇော် (မပြည့်သေးပါ) သစ္စာဆိုမေတ္တာပို့ အမျှဝေ ရောဂါကပ်ကြီးမှ ကင်းဝေးစေဖို့ အထူးဆုတောင်း ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဝါတွင်းသုံးလမှာ ယုန်လေးနဲ့အတူ အဓိဌာန်ဂုဏ်တော်ပုတီးစိပ်ပြီး ကုသိုလ်ယူနေတဲ့ နွေးနွေးချစ်ဖွယ်

ဘုရားတရားအမြဲလုပ်ပြီး သူများတွေကိုလည်း ဘုရားတရားလုပ်လာအောင် လမ်းညွှန်ပေးတတ် တဲ့ နွေးနွေးချစ်ဖွယ်တစ် ယောက် ဝါတွင်းကာလမှာလည်း ယုန်လေးနဲ့အတူ ဘုရားရဲ့ဂုဏ်တော် တွေကိုပူဇော်ပြီး ကုသိုလ်ယူခဲ့ပါတယ်။ ဒီနေ့ဟာနှစ်ယောက်သားရဲ့ ပဌာန်းကျမ်းမြတ်တော် ပါဋ္ဌာနပါဠိ ( တတိယအကြိမ်မြောက် ) ပထမတွဲ ပူဇော်ပြီး အောင်မြင်တဲ့နေ့ဖြစ်ပါတယ်။

အကျပ်အတည်းကာလတွေကိုရင်ဆိုင်ခဲ့ရတဲ့ ယုန်လေးကိုလည်း စိတ်အေးချမ်းအောင် ဘုရားတရားလုပ်ခိုင်းခဲ့တာကြောင့် အခုဆိုရင်ယုန်လေးက အတော်လေးကိုတည်ငြိမ်တဲ့ အနေအထားတစ်ခုမှာ အေးအေးဆေးဆေးဖြစ်နေခဲ့ပါပြီ။ ကိုယ်တိုင်ယူတဲ့ ကုသိုလ်တင်မကဘဲ ဘေးလူတွေကိုပါ အကျိုးဖြစ်ထွန်းစေတဲ့ စိတ်စေတနာကောင်းသူလေးပါပဲ။

နှစ်ယောက်သားရဲ့ ကုသိုလ်ပြုတဲ့ပုံရိပ်လေးတွေကို ” ဝါတွင်း (၃) လ ပဌာန်းကျမ်းမြတ်တော် ပါဋ္ဌာနပါဠိ ( တတိယ အကြိမ်မြောက် ) ပထမတွဲ ပူဇော်ပြီးအောင်မြင်သောနေ့ (26.8.2020) အဓိဌာန် ဂုဏ်တော်ပုတီး (၉) ပတ် သရဏဂုံ ၁၀၀၀ ပူဇော် (မပြည့်သေးပါ) သစ္စာဆိုမေတ္တာပို့ အမျှဝေ ရောဂါကပ်ကြီးမှ ကင်းဝေးစေဖို့ အထူးဆုတောင်း ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nway Nway Chit Phwal